မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဆင်ရွာမြင်းမူ ကျေးရွာ(ကျောက်စိမ်းဘုရားအနီး)တွင် ကိုယ်ပိုင် စက်ဘီးဆိုင်ကယ် တီထွင်သူတစ်ဦးထွက်ပေါ်လာတယ်လို့ သိရပါတယ်။ အဆိုပါစက်ဘီးဆိုင်ကယ် တီထွင်သူ ကတော့ ကိုအောင်လင်းခိုင်(ခ) ကိုRကြီး အမည်ရှိတဲ့ ဆိုင်ကယ်ဝပ်ရှော့ဆရာတစ်ယောက်ဖြစ်တယ် လို့သိရပါ တယ်။ယခုအောင်မြင်စွာတီထွင်နိုင်ခဲ့တဲ့ စက်ဘီးဆိုင်ကယ်ကတော့ ကိုအောင်လင်းခိုင်ရဲ့ ဒုတိယမြောက် စက်ဘီးဆိုင်ကယ်ဖြစ်တယ်လို့ သိရပါတယ်။

"ကိုယ်လုပ်တဲ့လုပ်အားခနဲ့ တန်ဖိုးကြီးတဲ့ဆိုင်ကယ် ဝယ်မစီးနိုင်လို့ ကိုယ့်စိတ်တိုင်းကျ လုပ်ဖြစ်ခဲ့တာပါ။ ဒီဆိုင် ကယ်က နှစ်စီးမြောက်ပါ။ ပထမထွင်ထားတဲ့ စက်ဘီးဆိုင်ကယ်ကို သူငယ်ချင်းတယောက်က ဝယ်သွား တယ်။ ဝါသနာအရ သူငယ်ချင်းများအတွက် အပျော်လုပ်တာပါ။ လူအများက စိတ်ဝင်စားခြင်းခံရ လို့လည်း ဝမ်းသာ ပျော်ရွှင်ရပါတယ်"ဟု ကိုRကြီးက ပြောပါတယ်။ အဆိုပါ စက်ဘီးဆိုင်ကယ်တီထွင်လုပ်ရာတွင် သံတိုသံစဆိုင်မှ ပစ္စည်းအဟောင်းများ ရှာဖွေဝယ်ယူခဲ့ပြီး ဝပ်ရှော့ဆိုင်ရှိ ဆိုင်ကယ်ပစ္စည်းအဟောင်းများ ဖက်စပ်ပြုလုပ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။  

ဆက်လက်ပြီး စူပါကပ်အင်ဂျင်၊ 125 စလစ်၊ ကစလထုတ် ကူဘိုတာ ၅၆ အင်ဂျင်အိပ်ဇော တို့ကိုတစစီဖြုတ် တပ်တီထွင်ထားတာဖြစ်ပြီး တန်ဖိုးအားဖြင့်တော့ငွေ (၈)သောင်းခန့်ကုန်ကျခဲ့တယ်လို့ သိရပါတယ်။ ကိုအာကြီး တီထွင်ထားတဲ့ စက်ဘီးဆိုင်ကယ်သည် စွမ်းဆောင်ရည်ပိုင်းတွင် စူပါကပ်ဆိုင်ကယ်နီးပါး မောင်းနှင်နိုင်ပြီး၊ ဝန်ပေါ့သဖြင့် ဆီစားနှုန်း ပိုမို သက်သာကြောင်း၊ အရင်းအနှီးသာရမည်ဆိုပါက ယခုထက် အရည်အသွေး ကောင်းမွန်တဲ့ စက်ဘီးဆိုင်ကယ်များ ထုတ်လုပ်နိုင်မယ်လို့ ၎င်းကပြောပါတယ်။ယခု စက်ဘီးဆိုင်ကယ်ကို သီတင်းနှစ်ပတ်ခန့်အချိန်ယူ တပ်ဆင်ခဲ့ရတယ်လို့ သိရပါတယ်။  

သတင်းအရင်းအမြစ် - New Watch

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။