ခပ်မိုက်မိုက် ရပ်ပါကြီးနဲ့ ချစ်စရာကောင်းတဲ့ မော်ဒယ်သရုပ်ဆောင်လေးတို့ အတွဲ ဆိုရင် ကျော်ထွဋ်ဆွေနှင့် နန်းသူဇာကို မျက်စိထဲမြင်ကြမှာပါ။ တွဲတာ ၅နှစ်ကြာလာပြီဖြစ်တဲ့ သူတို့နှစ်ယောက်ဟာဆိုရင်.....

နန်းသူဇာသွားတဲ့ နေရာတိုင်းမှာ ကျော်ထွဋ်ဆွေက အမြဲလိုက်ပါတတ်သလို ကျော်ထွဋ်ဆွေ နဲ့အတူတူ နန်းသူဇာကို လဲ ပူးတွဲပြီးတွေ့နေရစမြဲပါ။ တွဲလာတာ ၅နှစ်ရှိပြီဖြစ်တဲ့ သူတို့နှစ်ယောက် ဟာ ကတောက်ကစ ဖြစ်တာတော်တော်နည်းပါတယ်။

ခပ်ကြမ်းကြမ်းရပ်ပါ ကြီး က နန်းသူဇာကို အရမ်းချစ်တာဆိုပြီးတော့လဲ အနုပညာ အသိုင်းအဝိုင်းက လူတွေကစီက ကြားသိရပါတယ်။ ကိုယ်ချစ်တဲ့ မိန်းကလေးကို တင့်တောင့်တင့်တယ်ထားနိုင်ဖို့ အတွက် ယောင်္ကျားကောင်းတစ်ယောက်ဟာ အမြဲကြိုတင်ပြင်ဆင်မှုရှိရမှာပါ။ ဒါကြောင့်လဲကျော်ထွဋ်ဆွေက သူတို့နှစ်ယောက်လက်ထပ်ဖို့ အတွက် ပိုက်ဆံတွေစု နေပြီလို့သိရပါတယ်။

မိဘစီးပွားရေးကို ဝိုင်းကူလုပ်ကိုင်ပေးနေတဲ့ သူဟာ အခွေထွက်ဖို့ပြင်ဆင်နေဆဲပဲ ရှိပါသေးတယ်တဲ့။ ဒီဇင်ဘာလ လောက် တော့ ဒုတိယမြောက်အခွေထုတ်ဖို့ကြိုးစားနေပါတယ်တဲ့။ ပရိသတ်တွေလဲအားပေးလိုက်ကြဦးနော်။

Anna

Source: sevendaynews

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။