အသက်၂၅နှစ်အရွယ်ရှိ Melody Moon ဟာ သူ့ရဲ့ရည်းစားဖြစ်သူ အသက် ၂ရနှစ်အရွယ်ရှိ Jamie Mitchellနဲ့ ပြတ်စဲခဲ့တာကြာပါပြီ။ ဒါပေမယ့် ဒါကို ကျေနပ်သေးပုံမရတဲ့ ရည်းစားဟောင်းဖြစ်သူ Jamie ဟာ Melody ရဲ့ မျက်နှာအပေါ် ဆိုးဆိုးရွားရွား ဒဏ်ရာရစေခဲ့ပါတယ်။

Jamie ရဲ့ ဆိုးသွမ်းမှုတွေကို သည်းမခံနိုင်တော့တာကြောင့် Melody ဟာ Jamieနဲ့ လမ်းခွဲခဲ့တာဖြစ်ပါတယ်။ နှစ်ယောက်လုံးဟာ အလုပ်တူတူလုပ်ရင်း တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ချစ်ကျွမ်းဝင်ခဲ့ကြပြီးနောက်ပိုင်းမှာ Melody ဟာ Jamie ကို အချိန်ပေးနိုင်ဖို့အတွက် သူမရဲ့အလုပ်ကနေ ထွက်ခဲ့ရပါတယ်။

တစ်ရက်မှာတော့ Jamie ဟာ Melody ကို သူ့ရဲ့တိုက်ခန်းဆီ ဖြားယောင်းခေါ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် တိုက်ခန်းကိုရောက်တဲ့အချိန်မှာ Jamie ဟာ အော်ဟစ်ဆဲဆိုပြီး Melody ကို စတင်တိုက်ခိုက်ခဲ့ပါတယ်။ Jamie ဟာ သူမရဲ့မျက်နှာကို ၂၁ချက်လောက် ကိုက်ခဲ့ပြီး နင့်ရဲ့မျက်နှာကို တခြားဘယ်ယောကျာ်းမှ ကြည့်လို့မရစေရဘူးလို့ အော်ဟစ်ခဲ့ပါတယ်။

Melodyဟာ သွေးသံတရဲရဲနဲ့ သူကျွန်မကို စားဖို့လုပ်နေတယ်လို့ အော်ဟစ်ထွက်ပြေးခဲ့ပြီး ရဲတွေရောက်လာခဲ့ပြီး Jamie ကိုဖမ်းခေါ်သွားခဲ့ပါတယ်။ ဒီအမှုအတွက် Jamie ဟာ ထောင်ဒဏ် ၂နှစ်ကျခံခဲ့ရပြီး Melody ဟာ ဆေးရုံမှာ ဆေးကုသမှုခံနေရဆဲဖြစ်ပါတယ်။

Source : dailymail

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။