ဖွေးဖွေးဟာဆိုရင် လူတွေ အားပေးခြင်းကို အခံရဆုံးဖြစ်တဲ့ မင်းသမီး တစ်ယောက် ဆိုရင် လဲ မမှားပါဘူး။ သူမကို သူမပရိသတ်တွေကတော့ ဟန်ဆောင် ပန်ဆောင်မနေတတ်လို့ ချစ်တာပါလို့လဲဆိုကြပါတယ်။ သူမကိုမုန်းတဲ့သူဆိုတာ မရှိသလောက် နည်းပါးတဲ့ ဖွေးဖွေးဟာ သူမပရိသတ်တွေနှင့် အမြဲဆိုသလို အဆက်အသွယ်ရှိတဲ့သူပါ။

We Love Phwe Phwe ဆိုတဲ့ အမာခံ fan တွေများစွာပါဝင်တဲ့အဖွဲရှိတဲ့ အပြင် သရုပ်ဆောင်လဲကောင်းမွန်တာကြောင့် အကယ်ဒမီဆုတစ်ခုကို ပိုင်ဆိုင်ထားတဲ့သူလဲဖြစ်ပါတယ်။ အနုပညာရှင်တစ်ယောက်ဟာ လူတော်တော်များများရဲ့ နမူနာ ယူစရာဖြစ်တဲ့ စံပြတစ်ဦးဖြစ်တဲ့ အပြင် လူတွေရဲ့ စောင့်ကြည့်မှု၊ ဝေဖန်မှုတွေခံရသလောက် အများနှင့် မတူအောင်လည်း အချစ်ခံကြရပါတယ်။

ဖွေးဖွေးကို အရမ်းချစ်တဲ့ ပရိသတ်တစ်ယောက်ကတော့ သူမရဲ့ ပုံကို သူ့ဘယ်ဘက်လက်ပြင်မှာ ထိုးထားတာကိုတွေ့ရပါတယ်။ သူမဟာ ထို တက်တူးကိုတွေ့တဲ့ အခါမှာ အရမ်းကိုပျော်ရွှင်ရတယ်လို့ပြောခဲ့ပါတယ်။ သူမကို သူမfan က လာတွေ့ခဲ့တာဖြစ်ပြီး ထိုးထားတဲ့ တက်တူးကို ပြခဲ့တာဖြစ်ပါတယ်။ ထိုတက်တူးကို မြင်မြင်ခြင်းမှာ သူမဟာ စွန့်အသွားခဲ့ပြီး ဂုဏ်ယူစွာနှင့် သူမရဲ့ ဖေ့ဘွတ်မှာတင်ပြီး ပြန်ကြွားခဲ့ပါတယ်။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။