အနုပညာလောကထဲက အားကျစရာကောင်းတဲ့ စုံတွဲလေးတစ်တွဲကတော့ ပိုပိုပြီးအားကျစေနိုင်တဲ့ ပုံရိပ်လေးတွေကို ထုတ်ပြလိုက်ပြန်ပါပြီ။ အနုပညာလုပ်ငန်းတွေလဲ အတူတူလုပ်ကိုင်နေတဲ့ g fatt နဲ့ နန်းစုကတော့ တကယ်လိုက်ဖက်မှုရှိလှပါတယ်။

အခုဆိုရင်လဲ G fatt ကိုယ်တိုင်ထုတ်တဲ့ ဂျင်ဖက်ရှင် ဝတ်စုံလေးတွေနဲ့ နှယောက်အတူလန်းနေကြတာပဲဖြစ်ပါတယ်။အနုပညာလုပ်ငန်းတွေသာမက စီးပွားရေးပါအတူလုပ်ဆောင်လာတဲ့ သူတို့နှယောက်ရဲ့ပုံရိပ်လေးတွေက တကယ်ကြည်နူးစရာကောင်းလှပါတယ်။

မကြာခနလဲနှယောက်တွဲပုံလေးတွေကို မြင်တွေ့နေရပေမယ့် အခုတွေ့ရှိရတဲ့ပုံလေးတွေကတော့ အရင်ထက်ဆန်းသစ်ကာ လိုက်ဖက်မှုကိုပိုမိုပေါ်လွင်စေပါတယ်။အမြင်ဆန်းနဲ့လှပမှုကို ပိုမိုပေါ်လွင်စေတဲ့ သူတို့နှယောက်ရဲ့ပုံရိပ်လေးတွေကို ပရိတ်သတ်တွေအတွက်တင်ဆက်ပေးလိုက်ပါတယ်။

Source - OMG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။