ပရိသတ်အချစ်တော် ယွန်းကတော့သူမရဲ့ချစ်သူနဲ့ဓာတ်ပုံတွေကို မျှဝေလိုက်ပါတယ်။မြန်မာနိုင်ငံရဲ့လူကြိုက်အများဆုံးအစီအစဉ်တစ်ခုဖြစ်တဲ့ မြန်မာအိုင်ဒေါကိုပရိသတ်ကြီးသတိရဦးမယ်ထင်ပါတယ်။

မြန်မာအိုင်ဒေါ season 2 ရဲ့ စန်ကာတင်စာရင်းမှာပါ၀င်တဲ့ သူမဟာ အသံချိုချိုလေးနဲ့ပရိသတ်ကို ဖမ်းစားခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။စိတ်ထားကောင်းပြီး ကလေးတစ်ယောက်လိုဖြူစင်တာကြောင့် ပရိသတ်အချစ်တော်ဖြစ်ခဲ့ရသူဆိုလည်းမမှားပါဘူး။

သူမကိုချစ်တဲ့ ပရိသတ်သန်းပေါင်းများစွာရှိပါတယ်။အခုချိန်မှာတော့ ချစ်သူနဲ့အတူပျော်ရွှင်စွာ ဘဝကိုဖြတ်သန်းနေပါတယ်။ချစ်စရာကောင်းတဲ့သူမရဲ့အနုပညာလှုပ်ရှားမှုတွေကတော့ နယ်ရှိုးပွဲတွေမှာ သူမရဲ့အနုပညာမောင်နှမတွေဖြစ်တဲ့ season 2 ကို အဆိုရှင်တွေနဲ့အတူ လိုက်လံဖျော်ဖြေနေတာပါတယ်။ 

source - yoon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။