မြန်မာနိုင်ငံရဲ့ နာမည်ကြီး အဆိုတော် Band တစ်ခုဖြစ်သလို ပရိသတ်အများစုရဲ့ လေးစားချစ်ခင်မှုကို ရရှိထားတဲ့အဖွဲ့တွေထဲမှာ ကိုကျားပေါက်ရဲ့ Big Bag Band ဟာ ထိပ်ဆုံးကပါဝင်ပါတယ်။ ပရိသတ်တွေရဲ့ ရင်ထဲကိုရောက်စေတဲ့ သီချင်းတော်တော်များများနဲ့ အောင်မြင်ခဲ့ပြီး ယခုတစ်ခါမှာလည်း ပရိသတ်တွေအတွက် ဂုဏ်ယူစရာကိစ္စတစ်ခု အခွင့်အရေးတစ်ခုကို Big Bag Band က ရရှိခဲ့တယ်လို့ သိရပါတယ် ပရိသတ်ကြီးရေ...

Big Bag Band ဟာ ကမ႓ာကျော် Rock Legend Band ကြီးတစ်ခုဖြစ်တဲ့ "Queen" ရဲ့ မန်နေဂျာ Jim Beach ရဲ့ တွေ့ဆုံဖို့ကမ်းလှမ်းခြင်းကို ခံခဲ့ရတဲ့အပြင် သူ့ရဲ့ project အခွေမှာ သီချင်းဆိုဖို့ ဖိတ်ခေါ်မှု ပြုခံခဲ့ရပါတယ်တဲ့ ပရိသတ်ကြီးရေ။ ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး သူ့ရဲ့ လူမှုစာမျက်နှာမှာတော့ ယခုလို ရေးသားပြီး ဖော်ပြထားတာတွေ့ရပါတယ်။

“Queen” အဖွဲ့ရဲ့ Manager Jim Beach နဲ့တွေ့ဆုံခြင်း

ကျတော်ဒီနေ့ညနေ ၃နာရီလောက်က Jim Beach နဲ့တွေ့ဖြစ်ခဲ့ပါတယ် Jim Beach ဟာ ၁၉၇၀ လောက်ထဲက Queen ရော Freddy Mercury အတွက်ရော manager လုပ်ပေးခဲ့တာအခုထိပါပဲ။

အခုတွေ့ဖြစ်တာ Jim ရဲ့ project “NewYork City” အတွက်ပါ။ New York City ဆိုတဲ့သီချင်းကို ကမ႓ာအနှံ့က artists တွေက တနိုင်ငံတပုဒ် ဖန်တီးကြပြီး worldwide ဖြန့်မှာပါ။ အဲဒီ project အတွက် ကျနော်တို့ BigBag ပါဝင်ဖို့ Jim ရဲ့ကမ်းလှမ်းချက်ကိုလဲ ကျနော် ဝမ်းသာဂုဏ်ယူစွာလက်ခံခဲ့ပါတယ်။ Asia က လောလောဆယ် ဂျပန် ရယ် မြန်မာရယ် ပါပါမယ်။

ဆက်ပြီး နောက်တပါတ်ကြရင် Jim နဲ့တွေ့မယ့် Brian May (lead guitarist of Queen) အတွက် bigbag album တွေထည့်ပေးလိုက်ပါတယ်။ Brian ကိုဆက်ဆက်ပေးပေးပါမယ်ပြောပါတယ်။ CD ထဲမှာ Dear Sir Brian May, We’ve never met yet you taught me everything “ လို့ကျနော့်လက်ရေးနဲ့ရေးပေးခွင့်ရလိုက်တယ်။

Artist တယောက်ဖြစ်ရတာရော BigBag ဖြစ်ရတာရော

ဒီနေ့မှာ ဂုဏ်အယူဆုံးပါပဲ။

Thanks a lot Anne And Max for bringing me the best news!! Partyyyyyyy!!!!!!" ဆိုပြီး ရေးသားထားပါတယ်။ Myanmarload ကလည်း ကိုကျားပေါက်အတွက် အတိုင်းမသိ ဝမ်းသားဂုဏ်ယူမိပါတယ်နော်...

Source: Han Htue Lwin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။