Samsung S6 edge မီးလောင်ပေါက်ကွဲမှုဖြစ်ပွား

Note 7 စမတ်ဖုံးပေါက်ကွဲမီးလောင်မှု ကြောင့် ဆုံးရှုံးထိခိုက်မှု ဖြစ်ခဲ့ရသော ဆမ်ဆောင်းကုမ္မဏီထုတ် S6 edge စမတ်ဖုံး လေယာဉ်ပေါ်တွင် ရုတ်တရက်မီးလောင်မှု ဖြစ်ပွါးပြန် ပါပြီ

လွန်ခဲ့သော လများက ကမ္ဘာ ့တဝှန်း အလိုအလျောက်ပေါက်ကွဲမှု ၊မီးလောင်ကျွမ်းမှု များဆက်တိုက်ဖြစ်ပွါးခဲ့သော Galaxy Note 7 စမတ်ဖုံးကြောင့် ကမ္ဘာ ့စမတ်ဖုံးဈေးကွက်ဝေစုကြီးကိုအဓိကရယူထားသောကုမ္မဏီကြီးတခုဖြစ်သော တောင်ကိုရီးယားနိုင်ငံဆမ်ဆောင်းကုမ္မဏီဟာ ကြီးမားသော ထိခိုက်ဆုံးရှုံ းမှု ကိုရင်ဆိုင်ခဲ့ရပြီး ရောင်းချပြီး၊ထုတ်လုပ်ပြီးသော Note 7 စမတ်ဖုံးအားလုံးနီးပါးကိုလည်း နိုင်ငံအသီးသီးမှ ပြန်လည်ရုတ်သိမ်းခဲ့ရပါတယ်။

ယခုတဖန် ဆမ်ဆောင်းကုမ္မဏီမှဘဲထုတ်လုပ်သော စမတ်ဖုံး S6 edge ဟာ တမြန်နေ ့က ပစိဖိတ်သမုဒ္ဒရာအတွင်းကျွန်းနိုင်ငံငယ်တခုဖြစ်သော (Republic of Palau)မှ ထိုင်ဝမ်သို ့ပျံသန်းလာသော CI လေကြောင်းရဲ ့CI-027 ခရီးစဉ်လေယာဉ်ဟာ ဖိလစ်ပိုင်နိုင်ငံလေပိုင်နက်အတွင်းရောက်ရှိစဉ် လေယာဉ်တွင်း၌ ရုတ်တရက်မီးလောင်မှု ဖြစ်ပွါးခဲ့သဖြင့် လေယာဉ်ပေါ်ခရီးသည်များ များစွာထိတ်လန် ့တကြားဖြစ်ခဲ့ရပါတယ်။ လေယာဉ်ပေါ်ပါ ဂျာမန်လူမျိုးခရီးသည်တစ်ဦးရဲ ့S6 edge စမတ်ဖုံးမှမီးလောင်ကျွမ်းပြီး မီးခိုးငွေ ့များထွက်ပေါ်လာကာ ကံကောင်းထောက်မစွာဖြင့် လေယာဉ်ကိုမထိခိုက်ဘဲ ထိုင်ဝမ်နိုင်ငံလေဆိပ်သို ့ကောင်းမွန်စွာဆင်းသက်နိုင်ခဲ့ပါတယ်။

ဖုံးပိုင်ရှင်ခရီးသည်ဟာ ရုတ်တရက်မီးထလောင်သော စမတ်ဖုံးအား လေယာဉ်ကြမ်းပြင်ပေါ်သို ့ထိတ်လန် ့တကြားပစ်ချပြီးနောက် မီးခိုးငွေ ့များ အဆက်မပြတ်ထွက်ပေါ်လာသဖြင့် လေယာဉ်ပေါ်ရှိခရီးသည်(၁၃၃ ဦး) မှာထိတ်လန် ့မှု ဖြစ်ပွါးခဲ့ရတာဖြစ်ပါတယ်။ လေယာဉ်ဝန်ထမ်းများက မီးသတ်ဆေးဗူးများဖြင့် မီးငြိမ်းသတ်ပြီးနောက် အဆိုပါဖုံးအား ရေခဲဗူးအတွင်းသို ့သီးခြားထည့်သွင်းလျက်သယ်ဆောင်ခဲ့ရတယ်လို ့ဆိုပါတယ်။ ဖုံးပိုင်ရှင်ခရီးသည်မှာလည်း လက်တွင် မီးလောင်ဒဏ်ရာအနည်းငယ်ရရှိခဲ့သဖြင့် ကနဦးကုသမှု လုပ်ဆောင်ပေးခဲ့ရပါတယ်။

ယခုဖြစ်ရပ်ဟာ နကိုကမှ ထိခိုက်ပြီးသားဖြစ်နေသော ဆမ်ဆောင်းကုမ္မဏီပုံရိပ်အား ထပ်မံထိုးနှက်သကဲ့သို ့ဖြစ်စေပြီး ကောင်းမွန်ပြေလည်စွာမဖြေရှင်းခဲ့နိုင်ပါက တစ်ချိန်ချိန်တွင် ဈေးကွက်နေဝင်ချိန်သို ့ပင်ဦးတည်သွားစေနိုင်ပါတယ်။

*** ယခုလဒီဇင်ဘာ(၇)ရက်နေ ့ည (၇)နာရီကျော်တွင် ဖြစ်ပွါးခဲ့သော ဖြစ်စဉ်တစ်ခုအား အများသူငါ ဆင်ခြင်သတိပြု နိုင်ကြစေရန်စေတနာဖြင့်ရေးသားပေးခြင်းဖြစ်ပါတယ်။ ကျနော် ့အနေဖြင့် အဓိကတာဝန်ဖြစ်သော အရေးပေါ်ဌါနကုသရေးကိစ္စရပ်များဖြင့် မအားလပ်သဖြင့် ဆမ်ဆောင်းအမာခံပရိသတ်အချို ့ထင်မြင်ရေးသားပေးပို ့မေးမြန်းလာသကဲ့သို ့ အရပ်သတင်းဖြန် ့ဝေခြင်း၊စီးပွါးရေးအရတိုက်ခိုက်ရေးသားခြင်းတို ့လုပ်ဆောင်ရန် အချိန်လည်းမရ၊ယုံကြည်ရန်လည်း အတင်းမတိုက်တွန်းပါကြောင်းဖြည့်စွက်ပြောကြားအပ်ပါတယ်။

Dr.Myo Tun

အထက်ပါ ဓာတ်ပုံနှင့်စာများသည် ယခုရက်ပိုင်းအတွင်း လူမှုကွန်ယက်အပေါ်ပျံ့နှံ့လျက်ရှိနေပြီး အများပြည်သူများအကြား စိုးရိမ်ထိတ်လန့်မှုများနှင့်အတူ ဝေဖန်သံတွေ ပေါ်ထွက်လျက်ရှိနေပါတယ်…………………

Source: Dr Myo Tun

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။