တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်း Kpop အဆိုတော်အဖွဲ့ဖြစ်တဲ့ CNBlue အဖွဲ့ဝင် ဖြစ်တဲ့ Lee Jungshin နဲ့ AOA အဖွဲ့ဝင် Seolhyun တို့ဟာ မြန်မာနိုင်ငံ ကလောမြို့ကို ရောက်ရှိနေပါတယ်..။

မြန်မာနိုင်ငံကို လုပ်အားပေး အနေနဲ့ လာရောက်တာဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံကနေ ဖေဖော်ဝါရီ(၁၁)ရက်နေ့က ညနေ ၆း30 Flight နဲ့ ထွက်ခွာခဲ့ကာ မြန်မာစံတော်ချိန် (၉း30) ဝန်းကျင်လောက်မှာတော့ မြန်မာနိုင်ငံလေဆိပ်ကို ဆိုက်ရောက်ခဲ့ပါတယ်..။

FNC Entertainment မှ ရရှိတဲ့ အကျိုးအမြတ်တချို့နဲ့ အနုပညာရှင်တွေရဲ့လုပ်အားခ နဲ့ပေါင်းပြီး တစ်ကမ္ဘာလုံးမှာရှိတဲ့ ကလေးသူငယ်တွေအတွက် အဓိကထားပြီး ကူညီပေးနေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ Love FNC Organization နဲ့အတူ လာရောက်ခဲ့တာ ဖြစ်ပါတယ်..။

FNC Entertainment ရဲ့ foundation တခုဖြစ်တဲ့ Love FNC organization ရဲ့ အထောက်အပံ့နဲ့ ကလောမြို့မှာ စာသင်ကျောင်း ဆောက်လုပ်လှူဒါန်းခဲ့တာဖြစ်ပြီး JungShin နဲ့ Seolhyun တို့က ကျောင်းဆောက်လှူဒါန်းမှုကို တက်ရောက်မှာ ဖြစ်ပါတယ်..။

အဲ့ဒီ ဖောင်ဒေးရှင်းမှာတော့ FTISLAND , CNBLUE , AOA , NFLYING , SF9 , HONEYST အစရှိတဲ့ သူတို့ အင်တာတိန်းမန့်ရဲ့ အနုပညာရှင်များစွာရဲ့ လုပ်အားတွေပါဝင်တယ်လို့ သိရပါတယ်..။

Love FNC အဖွဲ့ကတော့ မြန်မာနိုင်ငံကိုလာရောက်ဖူးပေမယ့် JungShin နဲ့ Seolhyun တို့အတွက်ကတော့ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်ခြင်းလည်း ဖြစ်ပါတယ်..။

Source - "KFM"

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။