တက်သစ်စငွေကြယ်ပွင့်တစ်ဦးဖြစ်တဲ့ အလှမယ်ရွှေအိမ်စည်ဟာ လူမှုကွန်ရက်မှာ ပရိသတ်စိတ်ဝင်စားမှုရရှိနေသူဖြစ်ပါတယ်။

အလှမယ်တစ်ဦးအဖြစ် ပရိသတ်လက်ခံအားပေးမှုများစွာနဲ့အတူ လက်ရှိအချိန်မှာ အနုပညာလှုပ်ရှားမှုလေးတွေလည်း ဆက်တိုက်လုပ်နေရပါတယ်။

လက်တလောမှာတော့ သူမဟာ မနေ့က အပျော်တမ်းရိုက်ကူးထားတဲ့ ပုံအသစ်လေးတွေကို တင်ထားပါတယ်။ ရိုးရှင်းစွာနဲ့ အလှစစ်ပိုင်ဆိုင်ထားတဲ့ သူမအဖို့ ဘယ်လိုလေးပဲ ၀တ်ဝတ် အမြဲတမ်းကျော့ရှင်းလှပနေတာဖြစ်ပါတယ်။

ရွှေအိမ်စည်ဟာ Miss Grand Myanmar တစ်ယောက်အဖြစ် ယှဉ်ပြိုင်ဖို့ ရွေးချယ်ခံရပြီးမှ အကြောင်းကိစ္စအချို့ကြောင့် သရဖူ ပြန်လည်ရုပ်သိမ်းခံခဲ့ရပေမယ့်လည်း အဆိုးထဲက အကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့ရပါတယ်။

အဲ့ဒါကတော့ သူမကိုထောက်ခံအားပေးပြီး ချစ်ခင်နှစ်သက်ကြတဲ့ ပရိသတ်တွေကို ပိုင်ဆိုင်လိုက်ရတာပါ။

ဒါ့ပြင် နိုင်ငံရေးလှုပ်ရှားမှုအချို့မှာလည်း တက်တက်ကြွကြွပါ၀င်လေ့ရှိတာမို့ သူမကို လူကြီးလူငယ်မရွေး သိခဲ့တာဖြစ်ပါတယ်။

ပရိသတ်ကြီးရော အိမ်စည် ကို အားပေးမှာလား။  

Source :Shwe Eain Si fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။