လတ်တလောမှာ ရုပ်ရှင် ဆိုတာနဲ့ သူမတူအောင်တစ်မှုထူးတဲ့ ရသအပြည့်ပေးစွမ်းနိုင်တဲ့ ပရိတ်သတ်တွေကြားရေပန်းစား နာမည်ကြီးနေတဲ့ ဇာတ်ကားလေးတစ်ကားကတော့ ဥပါယ်တံမျဉ်ဇာတ်ကားဘဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင်ဖြင့် တစ်မှုထူးခြားတဲ့ ရသတွေပေးစွမ်းနိုင်ပြီး သရုပ်ဆောင်တွေဟာလည်း အသစ်တွေမို့ပရိတ်သတ်တွေရင်ထဲကို တစ်မှုထူးခြားစွာ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ဇာတ်ကားရဲ့ အဓိကအမျိုးသားဇာတ်ကောင်နေရာမှ သရုပ်ဆောင်ခဲ့တဲ ဇဏ်ခီဆိုတဲ့ မင်းသားသစ်တစ်လက်ကတော့ အခုချိန်မှာ ပျိုမေတို့အသဲကို ရီဝေတဲ့အကြည့်တွေနဲ့ဖမ်းစားလှုပ်ခတ်နိုင်သူ တစ်ဦးဖြစ်ပါတယ်။ 

ခန့်ညားပြီး ဆွဲဆောင်မှုရှိတဲ့ သဘာဝမင်းသားတစ်လက်ဖြစ်တဲ့ ဇဏ်ခီကတော့ ဒီနေ့မှာ ရွှေတိဂုံဘုးရားကို ရောက်ရှိလို့နေပါတယ်။ ပုဆိုးနဲ့ စပို့ရှပ်လေးကို ရိုးရှင်းစွာတွဲဖက်ဝတ်ဆင်ထားပေမယ့် တောင့်တင်းဖြောင့်စင်းတဲ့ သူရဲ့ဘော်ဒီအချိုးအစားကြောင့်အများအမြင် ထင်ပေါ်လွန်းလှပါတယ်။ ဇဏ်ခီဟာဆိုရင်ဖြင့် ထူးချွန်တဲ့အမျိုးသမီးနဲ့ ချစ်စရာသားလေးတစ်ဦးကိုလည်းပိုင်ဆိုင်ထားပါတယ်။ သူရဲ့အမျိုးသမီးကတော့ ပရိတ်သတ်တွေအကုန်လုံးလည်းသိပြီးသားဖြစ်မယ့် ဥပ္ပါယ်တံမျဉ်ဇာတ်ကားကို ပုံဖော်ရိုက်ကူးတဲ့ အမျိုးသမီးဒါရိုက်တာခရစ်စတီးနားခီဘဲဖြစ်ပါတယ်။

သားလေးတစ်ယောက် ပိုင်ဆိုင်ထားပြီး သူတို့နှစ်ယောက်ကတော့ ဝါသနာတူ အနုပညာအလုပ်တွေကို တက်ညီလက်ညီလုပ်ဆောင်နေကြပြီး အရမ်းကိုအားကျဖွယ် ဇနီးမောင်နှံနှစ်ဦးလည်းဖြစ်ပါတယ်။

မင်းသားဇဏ်ခီထပ်မံပါဝင်သရုပ်ဆောင်ထားတဲ့ "မုဒြာခေါ်သံ"ဆိုတဲ့ ဇာတ်ကားဟာလည်း ရုံတင်ပြသခွင့်မရသေးပေမယ့် အွန်လိုင်းပေါ်မှတစ်ဆင့်ပျံနှံပြီး အရမ်းကိုအောင်မြင်နေတဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ ပရိတ်သတ်ကြီးတို့လည်း ဘက်စုံထူးချွန်မင်းသား ဇဏ်ခီကို ယခုထက်ပိုအားပေးကြပါအုံးနော်...။

source - zenn kyi fb's 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။