ပန်းမြို့တော်၏ ပန်​းပွဲ​တော်​

မြန်မာနိုင်ငံရဲ့ ပန်းမြို့တော်လို့ တင်စားခေါ်ဝေါ်ရတဲ့ ပြင်ဦးလွင်မြို့ရဲ့ ပန်းပွဲတော် အခါရာသီရောက်ရှိလို့လာပါပြီ။ သာမန်ရက်မျိုးတွေမှာတောင် ပန်းပွင့်တွေ အရောင်အသွေးစုံလင်စွာ လှပနေတဲ့ မြို့လေးဟာ ပန်းပွဲတော်နဲ့အတူ ဘယ်လောက်တောင် လှနေလိုက်မလဲ ဆိုတာကို သိချင်ရင်တော့…………………

ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်၏

(၁၁)ကြိမ်မြောက် ပန်းပွဲတော်ကို ဒီဇင်ဘာ ( ၁၅ ) ရက်မှ စတင်ကျင်းပမည် ဖြစ်ပြီး

အမျိုးသားကန်တော်ကြီးဥယျာဉ် နှင့် ကပ်လျှက်ရှိသော

အမျိုးသား အထိမ်းအမှတ်ဥယျာဉ်၏ (၁၀)နှစ်ပြည့် ပွဲတော်ကြီးအား ဒီဇင်ဘာ (၁၄ ) ရက် နတ်တော်လပြည့်နေ့တွင် နိုင်ငံကျော် အဆိုတော်များ ဖြစ်သော မာရဇ္ဖ ၊ ဂျီလတ် ၊ ရဲလေး ၊ ဝန ၊ အယ်ဒီ ၊ မင်းမင်းဟိန်း ၊ အယ်လ်၊ပီလိမ္မော်သီး ၊ Voxzi Bob , Opinion , The Edge , Romantic , Angelar Rock , Saw Noki

Wai Tun , Bad Boyz , Dj Big Face , BreakThrougn Band , Violet Band တို့ သီဆိုဖျော်ဖြေကြမှာ ဖြစ်ပါတယ် ။ ဥယျာဉ်ဝင်ကြေးသာပေးဆောင်ရမှာဖြစ်ပြီး ၊ Free Show ဖြစ်တယ်လို့ သိရပါတယ်။

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။