သမီးမွေးနေ့မှာ စုထားတဲ့အကြွေလေးတွေနဲ့ လက်ဆောင်ဝယ်ပေးခဲ့တဲ့ ဖခင်

ဒီဖြစ်ရပ်လေးနဲ့ ပတ်သတ်ပြီး တိကျတဲ့အချက်အလက်တွေမရှိပေမဲ့ ဒီဓာတ်ပုံဟာ လူမှုကွန်ယက်ပေါ်မှာ အတော်ပျံ့နှံ့နေပြီး ပြည်သူလူထုကြား စိတ်မကောင်းဝမ်းနည်း ဖြစ်ခဲ့ရပါတယ်။ မိသားစုတစ်ခုမှာ ဖခင်ဆိုတာ အခရာပါ။ များသောအားဖြင့် သားသမီးတွေဟာ မိခင်တွေနဲ့ အနေနီးတာကြောင့် မိခင်ပေါ်မှာ အချစ်ပိုတတ်ကြလေ့ရှိပြီး ဖခင်နဲ့ စိမ်းနေတတ်ကြပါတယ်။

ဒါပေမဲ့ ဖခင်တွေဟာ မိသားစုအပေါ် အထူးသဖြင့် သားသမီးတွေအပေါ် မိခင်နှင့်တန်းတူ ချစ်တယ်ဆိုတာ ဒီပုံလေးတွေက ပေါ်လွင်စေပါတယ်။ ဓာတ်ပုံထဲမှာတော့ စီးပွားရေးအဆင်ပြေပုံမပေါ်တဲ့ လူတစ်ဦးဟာ သူစုဆောင်းလို့ရတဲ့ အကြွေပိုက်ဆံလေးတွေနဲ့ ဖုန်းဆိုင်ကို ဖုန်းလာဝယ်ပါတယ်။ သေချာမေးကြည့်တဲ့အခါကျမှ သူ့သမီးလေးမွေးနေ့အတွက် ဖုန်းလက်ဆောင်ဝယ်ပေးချင်လို့ သူစုဆောင်းထားတဲ့ အကြွေလေးတွေနဲ့ လာဝယ်ပေးတာဖြစ်ကြောင်း သိရပါတယ်။ ဒါဟာ ဖခင်တွေက သားသမီးတွေအပေါ် ထားရှိတဲ့ မေတ္တာပါ…………

အဖေဆိုတာ သမီးတိုင်းရဲ့အချစ်ဦး...

အဖေဆိုတာ လိုအပ်တိုင်း မိသားစုကိုထောက်ပံ့သူ...

အဖေဆိုတာ သူ့ကလေးပျော်ရွှင်ဖို့အရာရာပေးဆပ်သူ...

အဖေဆိုတာအကောင်းဆုံးမိတ်ဆွေ...

အဖေဆိုတာ သင့်ကျရှုံးချိန်တောင်ယုံကြည်နေမယ့်သူ...

အဖေဆိုတာ သားသမီးတွေအတွက် မဟာ သူရဲကောင်း.. .

အဖေဆိုတာ သင်အောင်မြင်တဲ့အချိန်မှာ ဂုဏ်ယူကျေနပ်နေမယ့်သူ...

အဖေဆိုတာ သင်အရွယ်ရောက်ပြီးတောင်မှ သင်လေးစားယုံကြည်ရတဲ့သူ...

အဖေဆိုတာ ဘဝမှာသင်တွေ့ဖူးသမျှထဲမှာ အကြံ့ခိုင်ဆုံးသူ....

အဖေတန်ဖိုး

****************

အဖေဆိုတာ

ပုခတ်လွဲတဲ့ လက်မဟုတ်ခဲ့ပါဘူး

ဒါပေမဲ့လွဲဖို ့ပုခတ်ဆင်ပေးခဲ့တဲ့သူတစ်ယောက်။

အဖေဆိုတာ

အမေတစ်ယောက်လို ့ အနားမှာနေအချိန်ပြည့်ဂရုမစိုက်ပေးနိုင်ခဲ့ပေမဲ့

အမေ့ရဲ့ဂရုစိုက်မှုကို အချိန်ပြည့်ရအောင်ဖြည့်ဆည်းပေးခဲ့တဲ့သူတစ်ယောက်။

အဖေဆိုတာ

အမေတစ်ယောက်လို သားသ္မီးအပေါ် ကြင်နာမှုကို အပြင်ထုတ်ပြီးမချစ်ပြခဲ့ပေမဲ့ အမေတစ်ယောက်ထက် မလျော့တဲ့အကြင်နာမေတ္တာတာတွေ ရင်ထဲမှာ အပြည့်ရှိနေခဲ့တဲ့သူတစ်ယောက်။

အဖေဆိုတာ

အမေတစ်ယောက်လို ဖိုးလမင်းဆီက ထမင်းဆီဆမ်းရွှေလင်ပန်းနဲ ့

တောင်းမကျွေးခဲ့ပေမဲ့ သားသ္မီးကို

ကျောအပေါ်တင် ဆင်ကြီးတစ်ကောင် မြင်းတစ်ကောင် ဖြစ်ပေးခဲ့တဲ့သူတစ်ယောက်။

အဖေဆိုတာ

အမေတစ်ယောက်လို ဝတ်ချင်တာကို ကိုယ်တိုင်မဆင်ပေးခဲ့ပေမဲ့ ဝတ်ချင်တာကိုဆင်ပေးနိုင်အောင် ဖြည့်ဆည်းပေးခဲ့တဲ့သူတစ်ယောက်။

အဖေဆိုတာ

အမေတစ်ယောက်လို စားချင်တာကိုချက်ပြုတ်မကျွေးခဲ့ပေမဲ့

စားချင်တာကိုချက်ပြုတ်ကျွေးနိုင်အောင် ရှာဖွေပေးခဲ့တဲ့သူတစ်ယောက်။

အဖေဆိုတာ

အမေတစ်ယောက်လို ဝမ်းနဲ ့လွယ်မမွေးခဲ့ပေမဲ့ ဝမ်းနဲ့ လွယ်ခဲ့ရတဲ့ အမေနဲ ့ သားသ္မီးတွေအတွက် ပူပင်သောကမရှိရအောင်စောင့်ရှောက်ကာကွယ်ပေးနေခဲ့တဲ့သူ၊ မိသားစုတစ်ခုရဲ့ သူရဲကောင်း အဖြည့်ခံမေတ္တာသမားကြီးတစ်ယောက်ဟာ အဖေပါပဲ……

အဖေလား?????????

အဖေဆိုတာ

ကျနော့်အောင်မြင်မှုတွေကို

သူ့အောင်မြင်မှုတွေလိုပဲ

အမြဲတမ်းဂုဏ်ယူနေတတ်သူပါ

ကျနော့ကျရှုံးမှုတွေကို

မလိုလားသူတွေထဲမှာလည်း

တယောက်အပါအဝင်ပေါ့

အဖေလား

အဖေဆိုတာ

ကျနော့ဘဝရဲ့ hero တယောက်ပေါ့

အဖေလား

အဖေဆိုတာ

ကျနော့်ကိုပခုံးနဲ့တွန်းတင်ပေးခဲ့သူပေါ့

အဖေလား

အဖေဆိုတာ

တလောကလုံးကလူတွေ

ကျနော့်ကိုမုန်းသွားရင်တောင်

အဖေကျနော့်ကိုမမုန်းဘူးဆိုတာ

ကျနော်ယုံကြည်ပါတယ်

Miss my DAD.

==============

#အဖေဆိုတာ

အမေတွေလိုသားသမီးများရဲ့အချစ်တွေကိုသိမ်းကျုံးမရနိုင်ပေမယ့် အမေလိုပဲသားသမီးတွေအတွက် သူတို့ဘဝတစ်ခုလုံးပေးဆပ်ပြီးချစ်နေကြပါတယ်ဆိုရင်

ယုံကြည်ပေးနိုင်မလားသူတော်ကောင်းတို့်

===========

အဖေဆိုတာ အပြင်ပိုင်းမှာ ကြမ်းတမ်းချင်ကြမ်းတမ်းမယ် သားသမီးကိုဆုံးမတဲ့အခါ မချစ်တတ်သူ လို့ ထင်ရပေမဲ့ ရင်ထဲမှာ သားသမီးကို ချစ်တဲ့စိတ်အပြည့်နဲ့ပါ သားသမီးအိပ်နေမှ ငါရိုက်လိုက်တာနာများသွားလားဆိုပြီး ခိုးနမ်းခဲ့ရတဲ့ရက်တွေလဲရှိပါတယ် ဒါပေမဲ့ အဖေဆိုတာ သားသမီးတွေအပေါ်ချစ်တဲ့စိတ်ကို မျိ ု သိပ်ထားနိုင်ဆုံးလူသားပါပဲ

===============

လူမှုကွန်ယက်ပေါ်က ဖခင်အပေါ် သူတို့ရဲ့ သဘောထားတွေကို ရေးသားထားတဲ့ စာသားလေးတွေနဲ့အတူ ဖခင်မေတ္တာကို နားလည်နိုင်ပါစေလို့ ဆန္ဒပြုရင်း………

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။