မနေ ့ က စပါးအသင်းအား (၁-၀) ဖြင့်အနိုင်ရခဲ့သည့်ပွဲတွင် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့သူ မက်ခီတာရမ်သည် အနည်းဆုံးပွဲစဉ်နှစ်ခုကိုလွဲချော်မည်ဟု မော်ရင်ဟိုက အတည်ပြုလိုက်သည်။

Boxing Day မတိုင်မီတော့ပြန်လာနိုင်မယ်လို ့မျှော်လင့်ပါတယ် ဟုပွဲအပြီးမှာမော်ရင်ဟိုက ပြောဆိုလိုက်တာပါ။

အဆိုပါဂိုးသည် ပွဲထွက်ခွင့်များနည်းပါးခဲ့သည့် အာမေးနီးယန်းသားအတွက် ပထမဦးဆုံး ပရီးမီးယားလိဒ်ဂိုးလည်း ဖြစ်သည်။ မနေ ့က ကစားခဲ့သည့်ပွဲတွင် ပွဲချိန် ၂၉ မိနစ်တွင်သွင်းယူပေးခဲ့ပြီး ၈၅ မိနစ်တွင် ဒယ်နီရိုစ့်နှင့်ထိခိုက်မိပြီး ခြေကျင်းဝတ်ဒဏ်ရာ ရသွားခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်း၏ရှေ ့လာမည့်ပွဲစဉ်နှစ်ခုသည် ခရစ်စတယ်ပဲလေစ့်နှင့် ဝက်စ်ဘရွန်း ဖြစ်သည်။

Credit - Football Cafe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။