နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဝါဆိုမိုးဦးတစ်ယောက် သူမချစ်သူရဲ့ အခွေသစ် မိတ်ဆက်ပွဲကို တက်ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း သူမထုတ်လုပ်မယ့် ဇာတ်ကားကို ရုပ်ရှင်ကန်တော့ပွဲပေးပြီး မကြာခင်မှာ စတင်ရိုက်ကူးတော့မှာပဲ ဖြစ်ပါတယ်။ Snare အဖွဲ့က အဆိုတော်ဖြိုးလေးနဲ့ ချစ်သူတွေ ဖြစ်နေကြပြီး ချစ်သက်တမ်းဟာလည်း နှစ်နှစ်ကျော်တိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ နှစ်ယောက်သားက အရမ်း ကိုလိုက်ဖက်ပြီး ကြည့် ကောင်းနေပါတယ်။

သူမဟာ သီချင်းခွေတစ်ခွေကိုလည်းထွက်ရှိထားပါသေးတယ်။ သူမတို့ချစ်သူနှစ်ယောက် ဟာလည်း တစ်ယောက်ကိုတစ်ယောက် အရမ်းကို ချစ်ခင်ကြပြီး ပရိတ်သတ်တွေ အားကျ ရတဲ့ ဆယ်လီစုံတွဲတစ်တွဲပဲဖြစ်ပါတယ်။ သူမရဲ့ ပွဲတက်ဖက်ရှင်ကတော့ တကယ်ကိုစွဲမက် ဖွယ် ဖြစ်နေပါတယ် ပရိတ်သတ်ကြီးရေ။ အနက်ရောင်ပေါင်တိုတျောက်လျောက်ဂါ ဝန် လေးနဲ့ သူမရဲ့ပုံလေးက တကယ်ကိုအသည်းယား ချင်စဖွယ်ပါပဲ။ ပရိတ်သတ်တွေကိုလည်း သူမက အမှတ်တရလက်မှတ်ရေးထိုးပေးခဲ့ပါသေးတယ်။

Snare ရဲ့ " ပူးတွဲချန်ပီယံ " အခွေသစ် Promotion ပွဲကိုတက်ရောက်လာတဲ့ သူမရဲ့ပုံစံက တကယ်ကိုချစ်စဖွယ်ကောင်းလှပါတယ်။ Free Style လေးဝတ်ဆင်ထားတာမို့ ကလေး လေးတစ်ယောက်နဲ့တောင် တူနေပါသေးတယ်။ ဘယ်ချိန်ကြည့်ကြည့် စွဲဆောင်မှုအပြည့်နဲ့ အမြဲတမ်းလှပ နေတဲ့ ဝါဆိုမိုးဦးရဲ့ အမိုက်စားပုံရိပ်တွေကို ပရိတ်သတ်ကြီးလည်း ထပ်တူမြင် တွေ့နိုင်အောင် ပြန်လည် ဝေမျှပေးလိုက်ပါတယ်နော်။

Photo – Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။