အလှမယ် မင်းသမီးချောလေး နန်းခင်ဇေယျာကတော့ ယနေ့ ဖေဖော်ဝါရီ(၁၃)ရက်နေ့မှာ ကျရောက်ခဲ့တဲ့ (၁၀၃)နှစ်ပြည့် ဗိုလ်ချုပ်ရဲ့ မွေးနေ့လေးမှာ ဗိုလ်ချုပ်ရုပ်တုကို သွားရောက်ဂါရဝပြု ခဲ့တယ်လို့ ဆိုပါတယ်..။

မြန်မာတစ်မျိုးသားလုံးရဲ့ ဖခင်ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်ပန်းခြံက ဗိုလ်ချုပ်ကြေးရုပ်တုရှေ့မှာ သွားရောက်ဂါရဝပြုခဲ့တာ ဖြစ်ပါတယ်..။

ဗိုလ်ချုပ်ရုပ်တုကို သွားရောက်ဂါရဝပြုခဲ့တဲ့ ပုံရိပ်လေးတွေကိုတော့ မင်းသမီးချောလေး နန်းခင်ဇေယျာက လွန်ခဲ့တဲ့ မိနစ်ပိုင်းက သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေကို ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်..။

“(၁၀၃) နှစ်ပြည့် ဗိုလ်ချုပ်မွေးနေ့မှာ ဂါရဝပြုခဲ့ပါတယ်...” ဆိုပြီး ဂါရဝပြုနေတဲ့ ပုံရိပ်လေးတွေနဲ့အတူ ရေးသားမျှဝေထားတာ ဖြစ်ပါတယ်…။

မင်းသမီးချောလေး နန်းခင်ဇေယျာကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးမှုတွေကို အခိုင်အမာရရှိပိုင်ဆိုင်ထားသလို ပရဟိတနဲ့ လှူဒါန်းမှုတွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိသူလေးလည်း ဖြစ်ပါတယ်..။

သူမရဲ့ စကားပြောဟန်လေးတွေနဲ့ ချစ်စရာအမှုအယာလေးတွေကြောင့်လည်း ပရိသတ်တွေက အချစ်ပိုနေရပြီး လတ်တလောမှာ ဇာတ်ကားတွေ ရိုက်ကူးနေကာ သူမရဲ့ လှုပ်ရှားမှု ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကို အမြဲပြန်လည်မျှဝေလေ့ရှိတာလည်း တွေ့ရပါတယ်..။

Source - နန်းခင်ဇေယျာ fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။