အိုင်ယာလန်သမ္မတနိုင်ငံ၊ ဒဗ်ဗလင်ခရိုင် တရားရုံးက ကျောင်းပျက်လွန်းလှသော ကလေးငယ်တစ်ဦးရဲ့ မိဘနှစ်ပါးကို ထောင်ဒဏ်အပြစ်ပေးရန် ဆုံးဖြတ်ချက်ချလိုက်တယ်လို့သိရပါတယ်။ကလေးဖြစ်သူက သုံးနှစ်အတွင်းမှာ ကျောင်းတက်ရက် စုစုပေါင်း ၂၄၃ ရက် ပျက်ကွက်ခဲ့တယ်လို့သိရပါတယ်။ကလေးငယ်ကကျောင်းပြက်ရက်အရမ်းများတာကြောင့် မိဘနှစ်ပါးကို ကလေးသူငယ်နှင့် မိသားစုအေဂျင်စီက တရားစွဲခဲ့တာဖြစ်တယ်လို့လဲသိရပါတယ်။

ကလေးဖြစ်သူမှာ ၂၀၁၄ - ၁၅ ပညာသင်နှစ်အတွင်း ကျောင်းတက်ရက် ၁၈၂ ရက် ရှိတဲ့အနက် ၇၂ ရက် ပျက်ကွက်ခဲ့ပြီး၊ ၂၀၁၅- ၁၆ ပညာသင်နှစ်အတွင်း ကျောင်းတက်ရက် ၁၈၂ ရက်မှာ ၆၅ ရက် ပျက်ကွက်ခဲ့သလို၊ ၁၀၁၆ - ၁၇ မှာလည်း ၁၀၆ ရက်တိတိ ပျက်ကွက်ခဲ့တယ်လို့သိရပါတယ်။တရားစစ်ဆေးမှုကို ပြီးခဲ့တဲ့ ၂၀၁၇ ဇန်နဝါရီက စတင်ခဲ့ပြီး ရုံးချိန်း ၉ ကြိမ်အနက် ပထမဆုံး ၃ ကြိမ်ကိုသာ မိဘနှစ်ပါးက လာရောက်ကြားနာခဲ့တယ်လို့ သိရပါတယ်။ဖခင်ဖြစ်သူကတော့ ကလေးငယ်ကို ကျောင်းမပို့နိုင်ရခြင်းမှာ နောက်ကျောနာကျင်မှုကြောင့်ဖြစ်ကြောင်း ကြားနာစစ်ဆေးခြင်း မစမီ ဖုန်းဆက် အကြောင်းကြားခဲ့ပါတယ်လို့လဲသိရပါတယ်။

ပညာရေးနှင့် လူမှုဖူလုံရေး အရာရှိဖြစ်တဲ့ Eamonn Regan က မိဘနှစ်ပါးအနေနဲ့ ကျောင်းကို အသိပေးခြင်းမရှိဘဲ ဗြိတိန်သို့ ပြောင်းရွှေ့သွားကြောင်း၊ အင်္ဂလန်ရှိ ကျောင်းတစ်ကျောင်းမှာ ကလေးငယ်ကို ကျောင်းအပ်လိုက်ပြီလို့ အကြောင်းကြားခဲ့ပေမယ့် စုံစမ်းကြည့်ချိန် တကယ်တမ်းအပ်နှံထားခြင်း မရှိတာကို တွေ့ရကြောင်း ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်မှာ အိမ်တွင်းသင်ပညာရေး ဆောင်ရွက်ရန် ပြင်ဆင်နေတယ်လို့ သိရတဲ့ အဆိုပါမိဘနှစ်ပါးကို ဗြိတိန် အာဏာပိုင်များက ဆက်သွယ်ပြောဆိုခဲ့ပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။ အဆိုပါ လင်မယားနှစ်ယောက်မှာ ပညာရေးဆိုင်ရာ လူမှုဖူလုံရေးဥပဒေကို ချိုးဖောက်မှုအရ ဒဏ်ကြေး စတာလင်ပေါင် ၁၀၀၀ နှင့် ထောင် ၁ လ ကျခံရဖွယ် ရှိပါတယ်လို့လဲသိရပါတယ်။

source - Opinion Leaders Media

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။