မင်းသားချောဖိုးချစ်ကတော့ မြန်မာ့ဇာတ်သဘင်လောကမှာ ထိပ်တန်းသဘင်ပညာရှင်တစ်ယောက်အဖြစ် ပရိသတ်အားပေးမှုအခိုင်အမာရရှိနေသူပဲ ဖြစ်ပါတယ်။ဇာတ်သဘင်လောကမှာတင်မက မြန်မာရုပ်ရှင်လောက မှာပါ အနုပညာလှုပ်ရှားမှုတွေ အများကြီးပြုလုပ်ခဲ့ပြီး အောင်မြင်နေတဲ့ သူတစ်ဦးပဲဖြစ်ပါတယ်။လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေလုပ်ကိုင်တာ သိပ်မတွေ့ရတော့ပဲ ဝါသနာပါတဲ့ဘောလုံးအားကစားနဲ့ ပရဟိတလုပ်ငန်းတွေမှာ အချိန်ပေးလုပ်ကိုင်နေတာ တွေ့ရပါတယ်။  

ဖေဖော်ဝါရီ(၁၃)ရက်နေ့ မနေ့ကကျရောက်ခဲ့တဲ့ (၁၀၃ ကြိမ်မြောက်) ဗိုလ်ချုပ်မွေးနေ့မှာလည်း ပရဟိတအလှူ လေးမှာဝင်ရောက်လုပ်အားခဲ့တာပဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မွေးနေ့အတွက် ထူး ရေခဲမုန့်က ပြုလုပ်တဲ့ စတုဒိသာ အလှူလေးမှာ တက်နိုင်တဲ့ဘက်က ဝင်ရောက်အားဖြည့်ကုသိုလ်ယူပေးခဲ့တာပဲ ဖြစ်ပါတယ်။မင်းသားဖိုးချစ်ရဲ့ မွေးစားမိဘတွေ့ဖြစ်တဲ့ထွန်းရေခဲမုန့် မိသားစုတွေနဲ့အတူ ပြုလုပ်တဲ့အလှူလေးမှာ ပါဝင်လုပ်အားပေးခဲ့ရတာ ကြောင့်အရမ်းကို ပျော်ရွှင်ပီတီဖြစ်နေပုံပဲ ပရိသတ်ကြီးရေ။ 

ဗိုလ်ချုပ်မွေးနေ့အတွက် စတုဒီသာအလှူလေးကိုတော့ ရန်ကုန်၊ ပုဇွန်တောင်မြို့နယ်က ထူးမိသားစုအိမ်မှာ ကျွေးမွေးလှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။အလှူလေးမှာ လာရောက်ပါရမီဖြည့်သုံးဆောင်ခဲ့တဲ့ ပရိသတ်တွေလည်း အများကြီးပဲမလို့ တကယ့်ကိုကြည်နူးစရာကောင်းလှပါတယ်။ပရိသတ်အချစ်တော် မင်းသားချောရဲ့ ဖိုးချစ်ရဲ့ အလှူလေးကို သွားရောက်မစားသောက်ဖြစ်ခဲ့တဲ့ ပရိသတ်တွေအတွက် ကြည်နူးဖွယ်ပုံရိပ်လေးတွေကို လူမှုကွန်ယက်ကနေတစ်ဆင့် မျှဝေပေးလိုက်ပါတယ်နော်။  

သတင်းအရင်းအမြစ် - ဖိုးချစ်  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။