နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ သွန်းဆက်တစ်ယောက် V-Day မှာအရမ်းကိုပျော်ရွှင်လို့နေပါတယ်။ သူမချစ်သူရဲ့ အလေးထားမှု ချစ်ခင်ဂရုစိုက်ခံရမှုတွေကြောင့် ပျော်ရွှင်နေတဲ့သူမရဲ့မျက်နှာလေးဟာ လဝန်းပမာရွှင်လန်းနေပါတယ်။ ချစ်သူတင်မက သူမကိုအားပေးချစ်ခင်တဲ့ ပရိတ်သတ်တွေ ကလည်း အများကြီးပါဘဲနော်။ သွန်းဆက်လေးဟာ တကယ်ကိုအားကျစရာ ကံကောင်းတဲ့မိန်းကလေးတစ်ဦးပါဘဲ။

ဒီနေ့ V-Day မှာတော့ ချစ်သူတွေဟာ တစ်ဦးပေါ်တစ်ဦး အလေးနက်ထား ဂရုစိုက်ချစ်ခင်မှုလေးတွေကို တန်ဖိုးကြီးသည်ဖြစ်စေ၊ နည်းသည်ဖြစ်စေ ချစ်သက်သေလက်ဆောင်လေးတွေအပြန်အလှန်ပေးရင်း ပျော်စရာအမှတ်တရလေးတွေ ဖန်တီးပြုလုပ်ကြပါတယ်။ သရုပ်ဆောင်သွန်းဆက်လေးဟာလည်း သူမရဲ့ချစ်သူက သူမကိုပျော်စရာအမှတ်တရ တစ်ခုဖန်တီးပေးလိုက်ပါတယ်နော်။ "နှင်းဆီ အပွင့်တစ်ထောင်၊ ချော့ကလက်"စတာတွေကို ရိုမန့်တစ်ဆန်ဆန် Surpriseလုပ်ပေးခဲ့လို့ "Happy Valentine" ဆိုပြီး သူမရဲ့ ပျော်ရွှင်မှုတွေကို လူမှုစာမျက်နှာပေါ်ကနေတစ်ဆင့် ပရိတ်သတ်တွေဆီမျှဝေထားပါတယ်။  

အပွင့်တစ်ထောင်ပါတဲ့ပန်းစည်းကြီးကိုပိုက်ပြီး ပျော်ရွှင်နေတဲ့ သူမရဲ့ပုံရိပ်လေးတွေက တကယ်ကိုချစ်စရာကောင်းလွန်းပါတယ်။ ပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းလွန်းတဲ့ သွန်းဆက်ရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို သူမရဲ့ ပရိတ် သတ်ကြီးလည်း ထပ်တူမြင်တွေ့ နိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်နော်။ ပရိတ်သတ်ကြီးတို့ရော ဒီနေ့မှာဘယ်လိုအမှတ်တရလေးတွေ ဖန်တီးဖို့စိတ်ကူးထားကြလဲ....။

Photo - Thun Sett's FB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။