လူတစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်ခြင်းဆိုတာ ချစ်ခင်ခြင်းကိုဖော်ပြသလို သူတို့ရဲ့ နွေးထွေးမှု ၊ကျင်နာမှု တွေပါဝင်နေပါတယ်။ ပွေ့ဖက်ခြင်းက လူမပြောနဲ့ တစ်ခြားသော သတ္တာဝါလေးတွေကိုလည်း ကျင်နာမှုကိုပြတဲ့ အရာတစ်ခုဆိုလည်းမမှားပါဘူး။ ပွေ့ဖက်ခြင်းဟာ စိတ်ခံစားမှုကို ဖော်ပြစေရုံသာမက ကျန်းမာရေးအတွက် လည်းများစွာအကျိုးရှိစေပါတယ်နော်။ လက်ကိုဆုပ်ကိုင်ခြင်း၊ပွေ့ဖက်ခြင်း တို့ကနှလုံးရောဂါ နှင့် စိတ်ဓတ်ကျ ခြင်းတို့ကို လျော့ကျစေပါတယ်

ပြီင်္းတော့ ဟေမိုဂလိုဘင် ကိုမြင့်တက်စေပါတယ်။ ပွေ့ဖက်ခြင်းက သွေးထဲရှိနေတဲ့ ဟေမိုဂုလိုဘင် ဟာအဆင့် မြင့်တက်လာပါတယ်။ နှလုံးနဲ့ ဦးနှောက်အပါဝင် အောက်ဆီဂျင်ကို လုံးလောက်မှုရှိအောင် စွမ်းဆောင်ပေး နိုင်ပါတယ်။ နာမကျန်းဖြစ်တဲ့သူတွေကို ပွေ့ဖက်ပေးပါက ရောဂါတစ်ဝါသက်သာစေတယ်လို့ဆိုပါတယ်။ တစ်နေ့ ကိုလေးကြိမ်ခန့် ချစ်ခင်သူဖြစ်ဖြစ် ခင်မင်သူဖြစ်ဖြစ် ပွေ့ဖက်ခြင်းက သူတို့ရဲ့စိတ်ဓာတ်ကျခြင်း သောကဖြစ်ခြင်း တို့ကိုလျော့ကျစေပါတယ်။

ပွေ့ဖက်ခြငး်က အိပ်ပျော်စေနိုင်ခြင်းကိုလည်းတွေ့ရှိရပါတယ်။ အိပ်ရေးဝခြင်းကြောင့် ကိုယ်ခံစွမ်းအားတိုးတက် လားစေပြီး ဦးနှောက်စွမ်းရည်လည်းမြင့်တက်လာစေပါတယ်။ အိမ်ထောင်ဖက်တွေအနေနဲ့ ပွေ့ဖက်ပေးခြင်းက ရင်းနှီးမှုကို ပိုပြစေပြီး ကျန်းမာရေးကောင်းစေတဲ့ အချက်တွေဖြစ်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ မိမိလက်တွဲ ဖော်က လက်ကိုကိုင်ထားရုံဖြင့် စိတ်ဖိစီးမှုကိုကင်းကွာပြီး နွေးထွေးမှုကိုခံစားစေရပါသတဲ့။ မိဘတွေအနေနဲ့ မိမိတို့ရဲ့သားသမီးတွေကိုပွေ့ဖက်ပေးပါက သူတို့ရဲ့စိတ်ခံစားမှုကို လုံးခြုံနွေးထွေးမှုကိုခံစားရစေပါတယ်။ အားလုံး ပဲကျန်းမာရွင်လန်းကြပါစေ။

Source: ငွေစုစံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။