မကြာခင်အချိန်မှာNotch ပါဝင်တဲ့ကမ္ဘာ့ပထမဆုံး Android ဖုန်းကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။တရုတ်စမတ်ဖုန်းထုတ်လုပ်သူLeagooက S9/S9 Pro တို့ကိုလာမယ့်ဖေဖော်ဝါရီလ၂၆ရက်နေ့မှာ MWC ပွဲမှာ မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ပိုပြီး တော့စိတ်ဝင်စားဖို့ကောင်းတာက

တော့တရုတ်စမတ်ဖုန်းကုမ္ပဏီဟာလက်ရှိကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးစာရင်းဝင်ဟယ်ရီကိန်းနှင့်တွဲပြီး ယင်းဖုန်းကိုမိတ်ဆက်လာပါမယ်။

S9 ရဲ့ပါဝင်မှုတွေအနေနဲ့MediaTek P40 ပရိုဆက်ဆာပါဝင်ပြီး 6GB RAM မှာ 128GB အချက်အလက်သိုလှောင်နိုင်စွမ်းနဲ့ ဖြစ်ပါတယ်။ 

မျက်နှာပြင်ကတော့ 5.85-inch AMOLED panel နဲ့ဖြစ်ပြီးကင်မရာ ကိုလည်း iPhone X ပုံစံအတိုင်းဒေါင်လိုက်တပ်ဆင်ပေးထားပါတယ်။ 16MP sensors သုံးထားပါတယ်။လက်ဗွေဖတ်စနစ်ကိုတော့ ဖုန်းရဲ့ နောက်ကျောဘက်မှာတပ်ထားတာကြောင့်ကွဲပြားတယ်လို့ဆိုနိုင်ပြီး iPhone X ထက်ပိုရှည်ကာ Essential နဲ့ကိုယ်ထည်ပိုင်းမှာတူညီပါတယ်။

Leagooအနေနဲ့ Samsung ရဲ့ Galaxy S8 ကိုတုပထားတဲ့ S8 ဆိုတဲ့ဖုန်း ကိုလည်းထုတ်လုပ်ထားပါသေးတယ်။သို့ပေမယ့် iPhone X ဒီဇိုင်းနဲ့ Leagoo S9 ဟာပိုမိုလူကြိုက်များရွေးချယ်စရာဖြစ်လာနိုင်ပါတယ်။ Leagooရဲ့တုပထားတဲ့ဖုန်းတွေကိုတော့တရုတ်နိုင်ငံတွင်းမှာသာရောင်းချပါသေးတယ်။ MWC မှာပြသမယ်လို့ ဆိုလိုက်တာဟာသူတို့အနေနဲ့ နိုင်ငံတကာဈေးကွက်ကိုစတင်ဖို့အတွက် ခြေလှမ်းစလိုက်တာ ဖြစ်နိုင်ပါ တယ်။

Source : Mobile Guide Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။