ဒီကနေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ဟာ ချစ်သူများနေ့ဆိုတာ အကုန်လုံးလည်း သိကြမယ်ထင်ပါတယ်။ ချစ်သူများနေ့မှာ သမီးရည်းစားတွေပျော်ပါးစွာနေနေတာတွေ မိသားစုတွေ ပျော်ရွှင်နေကြတာတွေများစွာရှိတာတွေ့ရပါတယ်။ ဒီကနေ့ ချစ်သူများနေ့နဲ့ ပတ်သက်ပြီး မင်းသား မင်းသွေးကတော့ ယခုလိုပဲပြောထားတာတွေ့ရပါတယ်။

" အမုန်းမရှိဘူး ချစ်ခြင်းမေတ္တာတွေရှိနေသမျှ ချစ်ကြသူတွေအဖို့ ချစ်သူများနေ့ ချည်းပါပဲ မိဘကိုချစ်တာ၊ ဘော်ဒါတွေကိုချစ်တာ၊ ကိုယ်ချစ်ရတဲ့သူတွေကို ချစ်တာ၊ ကိုယ့်ကို ချစ်ကြတဲ့သူတွေကို ချစ်တာ . . . . . . . . .သို့ပေတည်း ဒီလိုရက်မျိုး အပြောတော့မခံနဲ့ ချောကလက်များ ကိုယ့်ဟာကို ဝယ်စားလည်းရတာပဲလေ ။ Happy Valentine Day All My Fans " ဟူ၍ ချစ်ပရိသတ်များကို ပြောပြထားတာတွေ့ရပါတယ်။ သရုပ်ဆောင်မင်းသွေးပြောစကားအရ ချစ်သူများနေ့မှာ မိသားစု၊ သူငယ်ချင်း၊ ကိုယ်ချစ်တဲ့သူတိုင်းကို ချောကလပ်ကျွေးလို့ ရတဲ့နေ့ကလေးတစ်ရက်လည်း ဖြစ်ပါတယ်။

ဒီကနေ့ ဟာ သမီးရည်းစား တိုင်းချောကလက်စားရတဲ့နေ့တစ်နေ့မှာ သရုပ်ဆောင်မင်းသွေး ကတော့ အပြောမခံပဲ ကိုယ်တိုင်ဝယ်စားနေကြောင်း သိရပါတယ်။ ပရိသတ်ကြီးအတွက် သရုပ်ဆောင်မင်းသွေးရဲ့ ဒီကနေ့ ပြောပြလာတဲ့ ချစ်သူများနဲ့ အမှာစကားလေးနဲ့ အတူ ပရိသတ်ကြီးကို မျှဝေပေးလိုက်ပါတယ်။

Source - Min Thway

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။