ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့မှာတော့ စနဲအဖွဲ့က သူတို့ရဲ့ တတိယမြောက်အယ်ဘန်ဖြစ်တဲ့ ပူးတွဲချန်ပီယံ ဆိုတဲ့ အယ်ဘန်လေးကို ပရိတ်သတ်လက်ထဲထည့်ပေးခဲ့တဲ့ ပရိုးမိုးရှင်းပွဲလေးတစ်ပွဲကျင်းပခဲ့တာပဲဖြစ်ပါတယ်။ ထိုပွဲလေးကိုတော့ စနဲအဖွဲ့နှင့်အတူ အခြားတေးသံရှင်များလည်းတက်ရောက်ခဲ့ပြီး တေးသီချင်းတွေများစွာနဲ့ဖျော်ဖြေပေးခဲ့ပါတယ်။ တေးသီချင်းတွေအပြိုင်အဆိုင်ဖျော်ဖျေပေးရင်း အားလုံးပျော်ရွှင်နေကြတဲ့ ထိုပွဲလေးအတွင်းမှာတော့ လူအများကို ကြည်နူးမှုတွေများစွာပေးစွမ်းနိုင်တဲ့ လက်ကလေးတစ်စုံရှိခဲ့ပါတယ်။

ထိုလက်ကလေးကတော့ အောင်မြင်မှုမှတ်တိုင်သစ်တစ်ခုထပ်မံ ဆိုက်ထူနိုင်တဲ့အတွက် stage ပေါ်မှာ အပြုံးတွေပြည့်နေတဲ့ စနဲအဖွဲ့က ဖြိုးလေးနဲ့ နေဝင်းရဲ့လက်ကလေးပဲဖြစ်ပါတယ်။အခွေထွက်တဲ့အထိမ်းအမှတ် ကိတ်လေးမခွဲခင်မှာ တစ်ယောက်လက်ကိုတစ်ယောက်ကိုင်ပြီး ကြည်နူးဝမ်းသာမှုတွေနဲ့အတူ ပျော်ရွှင်ခြင်းတွေပြည့်နှက်နေတဲ့ သူတို့နှစ်ယောက်ရဲ့ပုံရိပ်လေးက တကယ်ကြည်နူးစရာလေးတစ်ခုဖြစ်ခဲ့ပါတယ်။

ထိုပွဲလေးကိုတော့ စိုင်းစိုင်းခမ်းလှိုင် ၊ဘန်နီဖြိုး ၊ အမရာဖုန်း ၊ g fatt ၊ နိုင်းဝမ်းတို့နှင့်အတူ အခြား တေးသံရှင်များစွာလည်း လာရောက်ဖျော်ဖျေပေးခဲ့ကြတယ်လို့သိရပါတယ်။ ညီအစ်ကိုတွေလို ချစ်ချစ်ခင်ခင်နဲ့ ဘယ်တော့မှစိတ်ဝမ်းမကွဲပဲ ပေါင်းစည်းနေတဲ့ ဖြိုးလေးနဲ့ နေဝင်းကတော့ ဒီအခါမှာလည်း ပူးတွဲချန်ပီယံဆိုတဲ့ တေးအယ်ဘန်ကိုချပြရင်း သူတို့နှစ်ဦးကြားက ညီအစ်ကိုသံယောဇဉ်ကို ပရိတ်သတ်တွေထံမျှဝေပေးခဲ့တာဖြစ်ပါတယ်။

Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။