ဒီနေ့ကျရောက်တဲ့ ချစ်သူများနေ့မှာတော့ ပြည်တွင်းကဆယ်လီတွေတော်တော်များများက သူတို့ရတဲ့ Valentine Day အမှတ်တရလက်ဆောင်ပစ္စည်းတွေ ကို လူမှုကွန်ရက်မှာ ထုတ်ပြလာပါတယ်။

ပရိသတ်အချစ်တော် မင်းသမီးချော သဥ္ဇာဝင့်ကျော် တစ်ယောက်လည်း သူမရဲ့ သက်ဆိုင်သူဆီက ရလိုက်တဲ့ ချောကလက်ဗူးလေးတွကို အများနည်းတူ ထုတ်ကြွားလာပါတယ်။

သူမရဲ့ အင်စတာဂရမ်နဲ့ ဖေ့ဘုတ်အကောင့်မှာတော့ “ Happy Valentines Day myoppa thxforchocolate” ဆိုပြီး သူမရဲ့ အိုပါးကို ကျေးဇူးတင်ကြောင်း ချောကလက်ပုံလေးတွေနဲ့အတူ တင်ထားပါတယ်။

အနုပညာလောကမှာ မော်ဒယ်တစ်ဦးအနေနဲ့ စတင်ခြေချခဲ့တဲ့ သဥ္ဇာဟာ ပရိသတ်အခိုင်အမာရရှိထားတဲ့ နိုင်ငံကျော်မင်းသမီးတစ်လက်အဖြစ် ရပ်တည်နေပါတယ်။

သူမရဲ့ အရွယ်တင်နုပျိုပြီး ပုရိသတို့စွဲမက်ဖွယ် ကောက်ကြောင်းအလှကြောင့် နာမည်ကြီးနေသူလည်းဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာတော့ အပိုအလိုမရှိအောင် ပီပြင်သူဖြစ်ပြီး လက်ရှိမှာတော့ ဇာတ်ကားပေါင်းများစွာရိုက်ကူးထားသလို အနုပညာလှုပ်ရှားမှုလေးတွေဆက်တိုက်လုပ်နေရပါတယ်။

ချစ်စရာကောင်းပြီး သွက်လက်လန်းဆန်းနေတတ်တဲ့ သူမရဲ့ဖက်ရှင်တွေနဲ့ အပြောအဆိုအပြုအမူလေးတွေကတော့ ပရိသတ်တွေရဲ့ ၀န်းရံမှုတွေရရှိနေပါတယ်။

ချစ်သူရှိပေမယ့်လည်း ဘယ်သူဘယ်ဝါဆိုတာကိုတရားဝင်ထုတ်ဖော်ပြောထားခြင်းမရှိသေးပေမယ့် ချစ်သူနဲ့ပတ်သက်တဲ့ ပုံလေးတွေစာလေးတွေကိုတော့ အရိပ်အမြွတ်အနေနဲ့သာ မျှဝေလေ့ရှိပါတယ်။

ပရိသတ်ကြီးရော သဥ္ဇာ လိုပဲ ချောကလက် လက်ဆောင်ရပြီလား။

Source : Thinzarwint kyaw fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။