Melody World သီချင်းပြိုင်ပွဲကြီးကနေ လူသိများအောင်မြင်ကျော်ကြားလာတဲ့ ဂီတလောကရဲ့ကြယ်တစ်ပွင့်ဖြစ်တဲ့ နီနီခင်ဇော်အကြောင်းလေးဘဲဖြစ်ပါတယ်။ နီနီဟာလက်ရှိမှာတော့ ဂီတလောကရဲ့ Top Ten စာရင်းဝင်အောင်မြင်မှုရှိထားတဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်။ ပရိတ်သတ်အခိုင်အမာရရှိထားပြီး ကိုယ်ပိုင်တေးစီရီးခွေများစွာ ထုတ်ဝေထားပြီးသူတစ်ဦးလည်းဖြစ်ပါတယ်။

နီနီဟာ Show ပွဲတွေများစွာမှာ ပါဝင်ဖျော်ဖြေပြီး တစ်ကိုယ်တိုင်Showပွဲတွေလည်း ကျင်းပဖျော်ဖြေပါတယ်။ နီနီဟာ မနှစ်ကသူမရဲ့ ပရိတ်သတ်တွေအတွက် REDVolutionအမည်နဲ့ Showပွဲတစ်ခုပြုလုပ်ကျင်းပခဲ့ပြီးဖြစ်ပါတယ်။ ဒီနှစ်မှာလည်း နီနီဟာ သူမကိုအားပေးတဲ့ပရိတ်သတ်တွေအတွက် RETRO REDVolution ဆိုတဲ့ Show ပွဲကို April (၇)ရက်နေ့မှာ အမျိုးသားကဇာတ်ရုံမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

RETRO REDVolution ပွဲမှာ သီချင်းတွေ၊ အကတွေကို ခေတ်နောက်ပြန်ဆွဲတဲ့ပုံစံလေးတွေနဲ့ ဖျော်ဖြေတင်ဆက်သွားမယ်လို့ သိရပါတယ်။ ပရိတ်သတ်ကြီးတို့ရော နီနီခင်ဇော်ရဲ့ ပွဲလေးကိုသွားရောက်အားပေးဖို့ စိတ်ကူးလေးတွေရှိနေကြပြီလား။ ခေတ်ဟောင်းပုံစံလေးတွေနဲ့ တစ်မှုထူးစွာပရိတ်သတ်တွေကို ဆွဲဆောင်တော့မယ့် နီနီရဲ့RETRO REDVolutio ပွဲလေးကို သွားရောက်အားပေးဖို့ ပရိတ်သတ်တွေ အသင့်ပြင်ထားကြစို့နော်။

Source - Myanmar Cele 7

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။