ပထမဆုံးအကြိမ်အဖြစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့မနက်က မန္တ လေးမြို့မှာပြုလုပ်တဲ့ Mandalay 100 Plus Active Run မာရသွန်အပြေးပြိုင် ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တဲ့ပြိုင်ပွဲဝင် ဦးရေ ၁၅၀ဝ ကျော်ရှိခဲ့ပါတယ်။ ပြိုင်ပွဲဝင်သူတွေဟာ ၁၀ ကီလိုမီတာ စိန်ခေါ်ပြိုင်ပွဲနဲ့ ၃.၅ ကီလိုမီတာ အပျော်တမ်း အပြေး/လမ်းလျှောက်ပြိုင်ပွဲတို့မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရတာပါ။ ပြိုင်ပွဲဖြစ်လာဖို့အတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ (MCDC) နဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့က ပံ့ပိုးကူညီခဲ့ပါတယ်။

ပြိုင်ပွဲကို ဒေသတွင်းအပြေးအားကစားဝါသနာရှင်အဖွဲ့တွေ တိုးပွားလာဖို့နဲ့ မြို့နေပြည်သူတွေကို ကျန်းမာပျော်ရွှင်တဲ့လူမှုဘဝရဲ့ အရေးပါပုံ အကြောင်း သိလာစေဖို့ ရည်ရွယ်ပြီး ကျင်းပတာဖြစ်တယ်လို့ သိရပါ တယ်။ ၁၀ ကီလိုမီတာ အမျိုးသားအုပ်စုစိန် ခေါ်ပြိုင်ပွဲမှာ ကိုဆန်းနိုင်က ၃၄ မိနစ် ၁ရ့၉ စက္ကန့် စံချိန်နဲ့ပန်းဝင်ပြီးပထမ ရခဲ့ပါတယ်။ ကိုဝင်းနိုင်ထွန်းက ၃၄ မိနစ် ၁၇.၁၅ စက္ကန့် စံချိန်နဲ့ ဒုတိယရခဲ့ပြီး ကိုစိုး ပိုင်က ၃၅ မိနစ် ၂၈.၃ စက္ကန့် စံချိန်နဲ့ တတိယရရှိခဲ့ပါတယ်။ ၁၁ ကီလိုမီတာ အ မျိုး သမီးအုပ်စု စိန်ခေါ် ပြိုင်ပွဲမှာတော့ မဇင်မာ ချိုက ၃၉ မိနစ် ၄၂ စက္ကန့် စံချိန် နဲ့ ပန်းဝင်ပြီး ပထမ ရခဲ့ပါ တယ်။ 

မနီလာ သန်းက ၄၀ မိနစ် ၁၅ စက္ကန့်နဲ့ ဒုတိယရခဲ့ ပြီး မမြင့်မြင့်အေးက ၄၀ မိနစ် ၁၉ စက္ကန့် စံချိန်နဲ့ တတိယရရှိခဲ့ပါ တယ်။ ၁၀ ကီလိုမီတာ စိန်ခေါ်ပြိုင်ပွဲမှာ  ဆုရသူတွေကို ပထမဆု ကျပ် ၁၀ သိန်း၊ ဒုတိ ယဆု ကျပ် ရှစ်သိန်း၊ တတိယဆု ကျပ် ငါးသိန်း ချီးမြှင့်ခဲ့တာပါ။ ဆုငွေအပြင် ဆုတံဆိပ်၊ လည်ဆွဲပြား၊ ဆုဖလားနဲ့ 100 Plusသုံးလစာ အခမဲ့သောက်သုံးခွင့်ကိုပါ  ချီး မြှင့်ခဲ့ပါတယ်။ ၃.၅ ကီလိုမီတာ အပျော် တမ်း အပြေး/ လမ်းလျှောက် ပြိုင်ပွဲမှာတော့ မိသားစုနဲ့ ကလေးငယ်တွေ အပါအဝင် အသက်အရွယ်စုံပါဝင်ခဲ့ကြပါတယ်။

Source - KMD

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။