အမေရိကန်နိုင်ငံရှိ ပြည်နယ်နှစ်ခုမှာ အသေးစားဗုံးနှစ်လုံးထောင်ခဲ့တဲ့ သူကို ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ပြစ်ဒဏ်ကျူးလွန်သူမှာ နယူးဂျာစီပြည်နယ်သားတစ်ဦးဖြစ်ပြီး တရားသူကြီးကတော့ သူ့ကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းပြစ်ဒဏ်ပေးခဲ့တာလည်းဖြစ်ပါတယ်။ရာဟီမီ၏ ရှေ့နေဖြစ်သူ ဇာဗီးယားဒေါ်နယ်ဆန်က သူနှင့်သူ၏အမှုသည်အတွက် တရားသူကြီး၏အမိန့်ကို ရုတ်သိမ်းပေးဖို့ အယူခံဝင်သွားမယ်လို့ ဆိုခဲ့ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံဖွား အမေရိကန်နိုင်ငံသားဖြစ်သူ အာမက်ခန်းရာဟီမီသည် ပေါင်းအိုးတစ်လုံးအပါအဝင် အခြားပစ္စည်းများကို အသုံးပြုပြီးအသေးစားဗုံးများထောင်ခဲ့တာလည်းဖြစ်ပါတယ်။အစိုးရရှေ့နေနှင့် လူအများက သူ့လုပ်ရပ်ကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပါတယ်။သူဟာ သူရဲ့လုပ်ရပ်အတွက် နောင်တရခြင်းမရှိ သလို သူရဲ့လုပ်ရပ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ လူပေါင်း ၃၀ခန့်ကိုလည်း တောင်းပန်ဖို့ပျက်ကွက်ခဲ့တာလည်းဖြစ်ပါတယ်။

လွန်ခဲ့သော ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့က အာမက်ခန်းရာဟီမီဟာ ပေါင်းအိုးနှစ်လုံးနှင့်ပြုလုပ်ထားသော အသေးစားဗုံးနှင့် အခြားဖောက်ခွဲရေးပစ္စည်းများကို သယ်ဆောင်လာပြီး ပြည်နယ်နှစ်ခုမှာ ဗုံးထောင်ခဲ့တာလည်းဖြစ်ပါတယ်။ရာဟီမီရဲ့ ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူပေါင်း ၃၀ ခန့်ဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။သူ့ကိုရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့တာဖြစ်ပြီး သေနတ်ဒဏ်ရာများရရှိခဲ့ပေမယ့် အသက်မသေခဲ့ပါဘူး။သူရဲ့လုပ်ရပ် ကြောင့် ရဲအရာရှိအချို့လည်း ဒဏ်ရာရရှိခဲ့ပါသေးတယ်။တရားသူကြီးရစ်ချက်ဘားမန်းက အသက် ၃၀ ရှိပြီဖြစ်တဲ့ ရာဟီမီဟာ အန္တရာယ်ရှိတဲ့လူတစ်ဦးဖြစ်ကြောင်း ထင်ရှားသည့်အပြင် သူ၏ပြစ်မှုအတွက် နောင်တရခြင်းမရှိတာကြောင့် သူ့ကိုတစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

source -  mizzima - nwes in burmese

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။