အနုပညာလောကထဲမှာ လူချစ်လူခင်ပေါတဲ့ မင်းသမီးလေးတစ်လက်ကတော့ သရုပ်ဆောင် စိုးပြည့်သဇင်ပါ ။ ငယ်ငယ်ရွယ်ရွယ်ထဲက သရုပ်ဆောင်လောကထဲ ၀င်လာခဲ့ပေမယ့် နာမည်ပျက်မရှိဘဲ အနုပညာကို အားသွန်ခွန်စိုက် ကြိုးပမ်းသူမို့ ပရိတ်သတ်တွေချီးကျူးတာ ခံရပါတယ် ။ သူမလေးကတော့ မကြာခင်မှာကျင်းပတော့မယ့် ၂၀၁၇ အကယ်ဒမီပေးပွဲမှာ အကယ်ဒမီရနိုင်တယ်လို့ ခန့်မှန်းခြင်းခံနေရပါတယ် ။ သူမပါ၀င်သရုပ်ဆောင်ထားတဲ့ ခေါက်ထီးလေး မလုံတစ်လုံ ဇာတ်ကားဟာ အောင်မြင်မှုရရှိခဲ့ပြီး စိုးပြည့်သဇင်ကလည်း သူမရဲ့ ဇာတ်ရုပ်ကို အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တာမို့ အကယ်ဒမီခန့်မှန်းခံခဲ့ရတာပါ ။ ဒီအကြောင်းနဲ့ ပါတ်သတ်ပြီး စိုးပြည့်သဇင်က သူမရဲ့ ခံစားချက်ကို 7days news ရဲ့ အင်တာဗျူးတစ်ရပ်မှာ ဖြေဆိုထားခဲ့တာကတော့ ... 


‘‘အကယ်ဒမီနဲ့ ပတ်သက်ပြီး အခုလိုမျိုး ခန့်မှန်းပေးကြတဲ့အ တွက် အရမ်းကို ကျေးဇူးတင်ပါ တယ်။ စိုးပြည့်အနေနဲ့ ကတော့ စိုးပြည့်အလုပ်မှာ အတတ်နိုင်ဆုံး ကြိုးစားပြီးလုပ်ပါတယ်။ ကျန်တာ ကတော့ ကိုယ့်ထက်တော်တဲ့သူ တွေလည်း အများကြီးပါပဲရှင်။ အဲဒီကားရိုက်တုန်းက ပင်ပန်း တယ်။ ပင်ပန်းတယ်ဆိုတာက ဇာတ်က အရမ်းကြီးတဲ့အခါကျ တော့ ဒီကားမရိုက်ခင်ကတည်းက စိုးပြည့်တို့ ကြိုပြီးတော့ ဇာတ်ညွှန်းတွေ ကြိုယူရတယ်။ 

ဦးမီးပွားက လည်း သူမကြိုက်မချင်းရိုက် တယ်။ ဒါပေမဲ့ ကားထွက်လာတဲ့ အခါမှာ အခုလိုမျိုး ပြန်ကြားရတဲ့ အတွက်လည်း ဝမ်းသာပါတယ်။ ရခဲ့မယ်ဆိုရင်တော့ အရမ်းပျော် မှာပေါ့’’ လို့ သူမက ဆိုခဲ့တာပါ ။ 

သူမကတော့ ရုပ်ရှင်ဇာတ်ကားသစ်တွေကိုဆက်လက်ရိုက်ကူးနေသလို မကြာခင်မှာကျင်းပတော့မယ့် အမဖြစ်သူ စန္ဒီမြင့်လွင်ရဲ့ မင်္ဂလာပွဲမှာ ပန်းကြဲပေးမယ့်အပြင် ညစာစားပွဲမှာ သီချင်းပါ သီဆိုဖျော်ဖြေပေးမယ်လို့လည်း သိရှိရပါတယ် ။ 

သတင်းအရင်းမြစ် 7days

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။