နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်း Bauchi-Kano လမ်းမတွင် ဘတ်စ်ကားတစ်စီး နှင့် ကုန်တင်ကားတစ်စီး ခေါင်းချင်းဆိုင်တိုက်မိမှုဖြစ်ပွားခဲ့ပါတယ်။ထိုဖြစ်ရပ်ကြောင့် ဘတ်စ်ကားပေါ်မှာလိုက်ပါလာတဲ့ ကျောင်းသား ၂၂ဦး သေဆုံးခဲ့ပါတယ်။ဒါ့အပြင် ကားဒရိုင်ဘာ လည်းသေဆုံးခဲ့ကြောင်း အာဏာပိုင်များက ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။

ကာနိုပြည်နယ် ဖယ်ဒရယ်လမ်းအန္တရာယ်ကင်းရှင်းရေး တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ Kabir Ibrahim-Daura က သေဆုံးသွားတဲ့ ကျောင်းသား ၂၂ဦးအနက် ၁၂ဦးမှာ ယောကျာ်းလေးများဖြစ်ပြီး ၁၀ဦးမှာ မိန်းကလေးများဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ဆက်လက်ပြီး ၎င်းက ယာဉ်တိုက်မှုကြောင့် အခြားသုံးဦးလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံဟာ ယာဉ်မတော်တဆမှု ကြောင့် လူသေဆုံးမှုအများဆုံး နိုင်ငံများအနက် တစ်ခုအပါအဝင်ဖြစ်ပါတယ်။ယာဉ်မဆင်မခြင်မောင်းနှင်ခြင်း၊ လမ်းပိုင်းဆိုင်ရာများ ပျက်စီးယိုယွင်းနေခြင်း နှင့် အများပြည်သူပို့ဆောင်ရေး ယာဉ်များ အိုဟောင်းနေခြင်းတို့ကြောင့် ယာဉ်မတော်တဆမှုများ အဓိက ဖြစ်ပွားနေရခြင်းလည်းဖြစ်ပါတယ်။

source -  china xinhua news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။