ယနေ့ကျရောက်တဲ့ ချစ်သူများနေ့ဟာ သရုပ်ဆောင် မင်းသမီးချော စမိုင်းလ်တို့ ဇနီးမောင်နှံရဲ့ ချစ်သက်တမ်း(၁၉)နှစ်ပြည့်ဖြစ်တယ်လို့သိရပါတယ်။

တစ်ချိန်က မော်ဒယ်နဲ့ ကြော်ငြာလောကမှာ နာမည်ကြီးခဲ့တဲ့ စမိုင်းလ်ဟာ အိမ်ထောင်ကျပြီး သမီးလေးနှစ်ယောက်နဲ့အတူ မိသားစုဘဝလေး ပျော်ရွှင်စွာဖြတ်သန်းနေတာဖြစ်ပါတယ်။

အနုပညာလောကနဲ့ ကာလအတန်ကြာအဆက်သွယ်ပြတ်သွားပေမယ့်လည်း ပရိသတ်တွေမလျော့သေးတဲ့ စမိုင်းလ် ဟာ အိမ်ထောင်ရေးကံကောင်းသူမို့လည်း မြင်သူတိုင်း အားကျနေရတာဖြစ်ပါတယ်။

စမိုင်းလ်တို့ဇနီးမောင်နှံဟာ ဖေဖော်ဝါရီလ(၁၄)ရက်နေ့မှာ ကျရောက်တဲ့ ချစ်သူများနေ့မှာ ချစ်သက်တမ်း(၁၉)နှစ်ပြည့်အလှုအဖြစ် နာရေးကူညီမှုအသင်းကို ငွေသားဆယ်ကိုးသိန်းတိတိ
  သွားရောက်လှုဒါန်းခဲ့တယ်လို့သိရပါတယ်။

စမိုင်းလ် ကတော့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ခင်ပွန်းဖြစ်သူဆီက ရတဲ့ ရတနာပစ္စည်းလေးတွေနဲ့အတူ သူမတို့ဇနီးမောင်နှံရဲ့ အမှတ်တရ အလှုနဲ့ပတ်သက်ပြီး အခုလိုရေးသားထားပါတယ်။

“မောင့်ကိုအဖြေပေးခဲ့တာဒီနေ့ဆို ၁၉နှစ်ရှိပြီ.. ချစ်သက်တမ်း ၁၉နှစ်အတွက် နာရေးကူညီမှုအသင်းကို ၁၉သိန်း ကုသိုလ်ပြုခဲ့တယ်... မောင်ပေးတဲ့လက်ဆောင်လေး ( ချစ်မှာထားတာ ) အရမ်းကြိုက်တယ်” လို့ ဆိုပါတယ်။

စမိုင်းလ်တို့ မိသားစုဟာ စီးပွားရေးတောင့်တင်းခိုင်မာတဲ့မိသားစုဖြစ်သလို ဘာသာရေးနဲ့ အလှုအတန်းတွေလည်း အမြဲတမ်းလုပ်ဖြစ်တာမို့ ဂုဏ်သတင်းကျော်ဇောနေတာပါ။ စိတ်ထားကောင်းတဲ့ စမိုင်းလ်တို့ ဇနီးမောင်နှံအတွက် ပရိသတ်ကြီး ဂုဏ်ပြုစကားလေးနဲ့အတူ သာဓုခေါ်လိုက်ပါဦးနော်။  

Source : Smile fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။