ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိပိုင်ဆိုင်ထားတဲ့ အဓိက အမျိုးသား ဇာတ်ဆောင် အနုပညာရှင်တွေထဲမှာ အကယ်ဒမီမင်းသား ခန့်စည်သူကလည်း တစ်ဦးအပါအဝင်ပါပဲ..။

ပရဟိတနဲ့ လှူဒါန်းမှုတွေကို မကြာခဏပြုလုပ်လေ့ရှိတဲ့ မင်းသား ခန့်စည်သူကတော့ အခုတစ်ခေါက်မှာလည်း မိခင်ဖြစ်သူရဲ့ လက်ဝတ်ရတနာ ပစ္စည်းတွေနဲ့ အကယ်ဒမီရွှေကြယ်ကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်..။

အကယ်ဒမီရုပ်တုမှ ရွှေကြယ်နဲ့အတူ မိခင်ဖြစ်သူရဲ့ လက်ကောက်နဲ့ နားကပ်တစ်ရံ တို့ကို ဗိုလ်တစ်ထောင် ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော် ထီးတော်အသစ်မှာ ပူဇော်ဖို့အတွက် ယနေ့ ဖေဖော်ဝါရီ(၁၄)ရက်နေ့မှာ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။

သူ့ရဲ့ အလှူဒါနလေးကို ပရိသတ်တွေ သာဓုခေါ်ကုသိုလ်ယူနိုင်ဖို့အတွက် ခန့်စည်သူက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေလည်း ပရိသတ်တွေကို ပြန်လည်မျှဝေထားပါသေးတယ်..။

“ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ထီးတော်အသစ်တွင် ပူဇော်ရန် ကျေးဇူးရှင်မိဘနှစ်ပါးနှင့် ခင်ပွန်းကြီးဆယ်ပါး ဦးထိပ်ထား၍ မိခင်ကြီး၏ လက်ကောက်၊နားကပ်တစ်ရံနှင့် အကယ်ဒမီရုပ်တုမှ ရွှေကြယ်ကို (၇)-ရက်သား၊သမီး ပရိတ်သတ်များကိုယ်စား ဖေဖော်ဝါရီလ(၁၄)-ရက်နေ့တွင် မိခင်ကြီးနှင့်အတူ လှူဒါန်းခဲ့ပါသည်။နတ်၊လူ သာဓုခေါ်စေသော်..” ဆိုပြီး ရေးသားမျှဝေထားတာ ဖြစ်ပါတယ်..။

ကြည်နူးလေးစားစရာကောင်းပြီး တကယ့်ကို ကောင်းမွန် မွန်မြတ်တဲ့ လှူဒါန်းမှုဒါနလေးပါပဲ ပရိသတ်ကြီးရေ..

Source - ခန့်စည်သူ fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။