နာမည်ကျော် မိတ်ကပ်ဖန်တီးရှင်တစ်ဦးဖြစ်တဲ့နေခြည်ဦးတစ်ယောက် မန္တလေးမြို့ကို ရောက်ရှိနေတဲ့အချိန်လေးမှာ Valentine Day Surprise အလုပ်ခံလိုက်ရပါတယ်။ ကား နောက်ခန်းတစ်ခန်းလုံးမှာ ပန်းပွင့်အဖြူရောင်တွေအပြည့်နဲ့ Surprise အလုပ်ခံလိုက်ရပါ တယ်။ အဖြူရောင်နှင်းဆီပွင့် ၁၂၀၀ နဲ့ Surprise လုပ်ခံခဲ့ရတာဖြစ်ပါတယ်။ ပြုံးပျော်နေတဲ့ ချီချီ့ရဲ့မျက်နှာလေးက တကယ်ကိုကျေနပ်ပီတိတွေနဲ့ ပျော်ရွှင်နေမှန်း သိသာလွန်းပါတယ် ပရိတ်သတ်ကြီးရေ။

သူမဟာ အောင်မြင်တဲ့မိတ်ကပ်ဖန်တီးရှင်တစ်ဦးဖြစ်သလို Photo Model အဖြစ်လည်း လုပ်ကိုင်နေပြီဖြစ်ပြီး ကြော်ငြာတွေလည်း ရိုက်ကူးထားပါ သေးတယ်။ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးဖို့လည်းရှိနေပြီဖြစ်ပြီး အနုပညာလမ်းကြောင်းပေါ်ကို ခြေချလာတော့မယ့် မိတ်ကပ် ပညာရှင်လေးတစ်ဦးပါပဲ။ ချစ်စရာကောင်းတဲ့ ချီချီတစ်ယောက် ပြီးခဲ့တဲ့လတုန်းက ဂျပန် မှာကျင်းပတဲ့ Maybelline New York ပွဲမှာ Gi Gi နဲ့တွေ့ဆုံခဲ့ပြီး Gi Gi က သူမကို မွေးနေ့ ဆုတောင်းပေးခဲ့တာကြောင့် အများကြီးပျော်ရွှင်ရတဲ့အကြောင်း ပရိတ်သတ်တွေကိုရင်ဖွင့် ခဲ့ပါသေးတယ်။

ဒီနေ့မှာတော့ သူမအတွက် ချစ်စရာကောင်းတဲ့ နှင်းဆီအဖြူ အပွင့် ၁၂၀၀ နဲ့ Surprise လုပ်ခံ လိုက်ရတော့ ပြီးပြည့်စုံတဲ့ ချစ်သူများနေ့လေး ဖြစ်သွားတာ အသေအချာပါပဲ။ ပျော်ရွှင်နေတဲ့ ချီချီ့ရဲ့ပုံရိပ်လေးတွေကြောင့် သူမရဲ့ပရိတ်သတ်တွေကလည်း ထပ်တူပျော်ရွှင်ခဲ့ကြပါတယ်။ ချစ်စရာကောင်းတဲ့ အလှဖန်တီးရှင်မလေး ချီချီနဲ့ ပန်းပွင့်လေးတွေရဲ့အလှကို ပရိတ်သတ် ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo - Nay Chi Oo's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။