ဒီနေ့အတွက်တော့ ပရိတ်သတ်တွေကို မျျဝေပေးချင်တဲ ပုံရိပ်လေးတွေကတော့ အလှမယ်မေမြတ်နိုးရဲ့ တည်ငြိမ်ကျက်သရေရှိလှတဲ့ ပုံရိပ်လေးတွေဖြစ်ပါတယ်။ အလှမယ်လေးမေမြတ်နိုးဟာ ချစ်စရာအပြုံးလေးတွေနဲ့ ပရိတ်သတ်တွေရင်ထဲ ညို့ယူထားသူတစ်ဦးလည်းဖြစ်ပါတယ်။ ဒီနေပမျာတော့ အလှမယ်လေးမေမြတ်နိုးဟာ မန္တလေးကိုရောက်နေပါတယ်။ 

မန္တလေးမြို့က အောင်သီရိ စိန်ဆိုင် ၃နှစ်ပြည့်ပွဲကို တက်ရောက်နေတာဘဲဖြစ်ပါတယ်။ ဇာအပါးလေးနဲ့ တွဲဖက်ချုပ်ထားတဲ့ မြန်မာဝတ်စုံလေးဟာ

သူမရဲ့သွယ်လျဖြောင့်စင်းတဲ့ဘော်ဒီနဲ့ အရမ်းကိုလိုက်ဖက်လွန်းနေပါတယ်။ မေမြတ်နိုးဟာ မြန်မာနိုင်ငံရဲ့ Winner ဆုကို သိမ်းပိုက်လာနိုင်ခဲ့တဲ့ အသက်ငယ်ဆုံး miss တစ်ယောက်လို့ ဆိုလည်းဟုတ်ပါတယ်။ ရှိုးပွဲတိုင်းမှာ မပါမဖြစ်တဲ့သူမ၊ လုံခြုံကာ စမတ်ကျလွန်းတဲ့ ဖက်ရှင်များသာ ဝတ်လေ့ရှိတဲ့သူမပါ။

ပရိတ်သတ်တွေနဲ့ ရင်းနှီးဖော်ရွယ်စွာနေတတ်တဲ့ အလှမယ်လေးမေမြတ်နိုးဟာ အခုနောက်ပိုင်းမှာတော့ သရုပ်ဆောင်ဘက်အပိုင်းမှာလည်း မကြာခင်မှာ မြင်တွေ့ရတော့မှာပါ။ ဒါဆို ချစ်တဲ့မေရဲ့ စိန်ဆိုင်ပွဲမှာ ရိုက်ကူးထားတဲ့ ကျက်သရေအပေါင်းပြည့်စုံတဲ့ ပုံရိပ်ကလေးတွေကို ကြည့်ကြရအောင်နော် ။ 

Source – May Myat Noe FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။