သင်ဟာ ဘီယာကြိုက်နှစ်သက်လို့ ခဏခဏသောက်နေမိတယ်ဆိုရင်တော့ သတိထားဖို့ လိုပါပြီ။ ဘီယာသောက်သုံးတဲ့ အမျိုးသားတွေမှာ ရင်သားတွေဆူဖြိုးလာနိုင်တယ်လို့ သိရပါတယ်။ဘီယာမှာပါဝင်တဲ့ ဖိုက်တိုအီစထရိုဂျင် (အပင်ကရယူတဲ့ဓာတုပစ္စည်း)တွေဟာ အမျိုးသမီးလိင်ဟော်မုန်း အီစထရိုဂျင်နဲ့ တူညီပါတယ်။ ဘီယာချက်တဲ့အခါမှာ အသုံးပြုတဲ့ ဗျစ်ပန်းဟာ အမျိုးသားတွေရဲ့ ခန္ဓာကိုယ်မှာ အီထရိုဂျင်လှုံ့ဆော်မှု သက်ရောက်စေကြောင်း လေ့လာမှုပေါင်းများစွာကလည်း သက်သေပြခဲ့ပြီးပါပြီ။  

လူတွေရဲ့ခန္ဓာကိုယ်ထဲမှာ ကျားဟော်မုန်းရော မဟော်မုန်းတွေပါ ရှိနေပါတယ်။ ဘီယာသောက်လိုက်ရင်တော့ မဟော်မုန်းတွေမြင့်တက်လာမှာဖြစ်လို့ ယောကျ်ားတန်မဲ့ ရင်သားတွေဆူဖြိုးလာတော့မှာ ဖြစ်ပါတယ်။ဗျစ်ပန်းကို အမျိုးသမီးတွေ သွေးဆုံးချိန်ခံစားရတဲ့ဝေဒနာတွေ သက်သာဖို့အတွက် ဆေးအဖြစ်နဲ့လည်း အသုံးများပါတယ်။ သွေးဆုံးချိန်မှာ ဟော်မုန်းထွက်ရှိမှုတွေနည်းသွားလို့ မောပန်းနွမ်းနယ်ခြင်း၊ အိပ်ရေးပျက်ခြင်း၊ ခန္ဓာကိုယ်ကပူနေခြင်းတွေအပါအဝင် ဝေဒနာတွေခံစားရလေ့ရှိပြီး ဗျစ်ပန်းက မဟော်မုန်းကိုပိုထွက်စေတာကြောင့် သွေးဆုံးကိုင်တာ သက်သာစေတာ ဖြစ်ပါတယ်။  

အမျိုးသားတွေအနေနဲ့တော့ ဗျစ်ပွင့်ကိုချက်လုပ်ထားတဲ့ဘီယာကို သောက်တဲ့အခါ မဟော်မုန်းတွေ ပိုထွက်လာစေပြီး ရင်သားတွေကြီးထွားလာနိုင်တယ်လို့ ပညာရှင်တွေက သတိပေးပါတယ်။ ဒါကြောင့် ယောက်ျားလေးတန်မဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ရင်သားတွေလို ဖောင်းပြီးကိတ်နေလို့ ဘော်ဒါတွေဝိုင်းစတာ မခံချင်ရင် ဘီယာလျှော့သောက်ဖို့ လိုပါလိမ့်မယ်။

Source : Lwin Pyin (Facebook)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။