နာမည်ကျော်သရုပ်ေ်ဆာင်တွေဖြစ်ကြတဲ့ သူရိယနဲ့ဆုအိမ့်စံတို့နှစ်ယောက်သား Giordano အင်္ကျ ီကြော်ငြာရိုက်ကူးပေးနေတာပဲဖြစ်ပါတယ်။ ချစ်သူများနေ့မှာ ဆင်တူအင်္ကျ ီလေး တွေနဲ့ ကြော်ငြာတူတူရိုက်နေရတယ်ဆိုတော့ နှစ်ယောက်သားက အထူးတလည် ကျင်းပနေ စရာမလိုတော့တဲ့ ပျော်ရွှင်စရာချစ်သူများနေ့လေးကို ပိုင်ဆိုင်သွားပြီပဲဖြစ်ပါတယ်။ အားကျ စရာကြီးနော် ပရိတ်သတ်ကြီး။ နှစ်ယောက်လုံးကလည်း အာင်မြင်တဲ့ အနု ပညာရှင်တွေဖြစ် ကြပြီး အားပေးချစ်ခင်တဲ့ပရိတ်သတ်တွေလည်း အခိုင်အမာရရှိထားပါသေးတယ်။ နှစ်ယောက်အတူ တွဲဖက် သရုပ်ဆောင်တဲ့ ဇာတ်ကားတွေလည်း အများ အပြားပါပဲ။

တစ်ယောက်နဲ့တစ်ယောက်က အရမ်းကိုချစ်ကြပြီး ပရိတ်သတ်အားကျတဲ့ စုံတွဲလေး တစ် တွဲပါ ပဲ။ နှစ်ယောက်သားရဲ့ ချစ်ခရီးလမ်းဟာလည်း အခုဆိုရင်တစ်နှစ်ကျော်ကာလကို တိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ဆုဆုကို သူရိယက အရမ်းကိုဂရုစိုက်ပြီးချစ်ခင်တာမို့ သူမအနေနဲ့ အရမ်းကို စိတ်ချမ်းသာတဲ့ အချစ်ရေးလေးကို ပိုင်ဆိုင်ထားတယ်လို့ဆိုပါတယ်။ ချစ်စရာ ကောင်းတဲ့ ချစ်သူစုံတွဲတစ်တွဲပါပဲ။ နှစ်ယောက်သားခရီးတွေအတူတူ ထွက်ကြပြီး အလှဆုံး ပုံရိပ်လေး တွေကို မှတ်တမ်းတင်တတ်ကြပါ တယ်။ လိုက်ဖက်လွန်းတဲ့သူတို့နှစ်ဦးရဲ့ ပုံရိပ်လေးတွေ ကို Instagram မှာတင်တတ်ပါသေးတယ်။

ဆုဆုနဲ့ သူရိယတို့ရဲ့ ရိုမန့်တစ်ဆန်ဆန်ရိုက်ကူးထားတဲ့ ကြော်ငြာပုံရိပ်လေးတွေက ပရိတ် သတ်တွေကို အားကျစေပါတယ်။ ဆုဆုက သူမရဲ့ Facebook မှာ " ဒီနေ့ Giordano အတွက် ရိုက်ပေးဖြစ်တာလေးပါ " ဆိုပြီး သူမတို့နှစ်ယောက်ရဲ့ပုံရိပ်လေးတွေကို တင်ထားတာဖြစ်ပါ တယ်။ လိုက်ဖက်လွန်းပြီး ချစ်စရာကောင်းတဲ့ ပရိတ်သတ်အားကျတဲ့ စုံတွဲလေးရဲ့ ပုံရိပ် တွေကို ဝေမျှပေးလိုက်ပါတယ်နော်။

Photo - Hse Eaint San's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။