ဒီကနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ချစ်သူများနေ့ မှာ ချစ်သူရည်းစားများစွာ သွားရောက်လည်ပတ်ကြတာတွေ့ရပါတယ်။ အဆိုပါ သွားရောက် လည်ပတ်မှုများတွင် အများစုက တည်းခိုခန်းများသို့ သွားရောက် မှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ဧရာဝတီတိုင်း ပုသိမ်မြို့ရှိ တည်းခိုခန်းများကို မြို့နယ်ထွေအုပ်၊ စည်ပင်၊ ဟိုတယ်နှင့်ခရီးနှင့် ရဲတပ်ဖွဲ့များ ပူးပေါင်း၍ ဒီကနေ့ ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့တွင် ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ 

“လက်ရှိဖွင့်ထားတဲ့တည်းခိုခန်းတွေဟာ တရားဝင် လိုင်စင်ရှိလား၊ မရှိလား စည်းကမ်းနဲ့ညီလား၊ မညီလား တချက်၊ ဒုတိယကတော့ ချစ်သူများနေ့ဖြစ်တဲ့အတွက် လာတည်းတဲ့လူတွေ အသက်ပြည့်လား၊ မိန်းကလေးဆို အသက်ပြည့်လား၊ သူတို့လာရောက်တဲ့အကြောင်းအရင်းက ကိုယ်ရေးကိုယ်တာဖြစ်တဲ့အတွက် အရေးယူစရာ မရှိပါဘူး။ (၁၆)နှစ်အောက်ဆိုရင်တော့ ပြစ်မှုကြောင်းအရ အရေးယူလို့ရတယ်။ တည်းခိုခန်းတွေကို မှတ်ပုံတင်ပါမှ အသက်ပြည့်မှ လက်ခံဖို့အသိပညာပေး၊ လိုက်လံစစ်ဆေးမေးမြန်းခြင်းဖြစ်ပါတယ်။ စုံတွဲတွေကိုတော့ ဥပဒေအရ အရေးယူဖို့မရှိပါဘူး”ဟု ပူးပေါင်းအဖွဲ့မှ ပုသိမ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ထွန်းမြင့်နိင်က ပြောသည်။

ပုသိမ်မြို့တွင် တည်းခိုခန်းပေါင်း ၄၀ ခန့်ရှိပြီး ပူးပေါင်းအဖွဲ့သည် မနက်ပိုင်းတွင် ကင်မလင်းကျွန်း-တဲကြီးကုန်း ပုသိမ်တဘက်ကမ်း သဘောၤကျဉ်းဘက်ရှိ တည်းခိုခန်းများကို စစ်ဆေးခဲ့ပြီး ညနေပိုင်းတွင် ပုသိမ်မြို့တွင်းရှိ တည်းခိုခန်းများကို စစ်ဆေးမည်ဟုသိရှိရပါတယ်။ ယခုစစ်ဆေးမှုမှာ မလိုလားအပ်သောပြစ်မူများမဖြစ်အောင် အသိပညာပေးခြင်းဖြစ်ကြောင်း၊ တည်းခိုခန်းများအနေနှင့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ကြစေရန် လိုက်လံစစ်ဆေးခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

Source - MM

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။