ငယ်ငယ်တုန်ကလို မျက်ဝန်းတွေစူရှတောက်ပနေတာပြန်လိုချင်မိတာ အသက်ကြီးတဲ့သူတိုင်း ခံစားရမှာပါ နော်။ ခန္ဒာကိုယ်တစ်ခုလုံးမှာ မျက်ဝန်းဟာအရေးကြီးတဲ့ နေရာကပါဝင်နေပါတယ်။ မျက်ဝန်းလှပတဲ့ မိန်းကလေးတွေ ဆိုရင်တင်စားလောက်တဲ့အလှပိုင်ရှင်တွေ ဖြစ်ကြောင်း စာဖွဲ့ရေးတတ်ကြပါတယ်။ တစ်ချို့ ကတော့ မျက်ကွင်းလေးတွေညိုနေတတ်ပါတယ်။ ကျန်းမာရေးကြောင်းဖြစ်တတ်သလို မျိုးရိုးလိုက်ခြင်း ကြောင့်လည်းမျက်ဝန်းညိုနိုင်ပါတယ်နော်။

မျက်လုံးတွင် မျက်အိတ်တည်ခြင်း၊ မျက်ဝန်းဖောင်းအစ်ခြင်း၊ အဆိပ်စုပုံခြင်း ရာသီဥတုပြောင်းလဲခြင်း၊ ဓာတ်မတည့်ခြင်းတို့ကြောင့် နောက်ဆက်တွွဲအနေနဲ့ မျက်အိတ်ဖောင်လာတတ်ပါတယ်။ တစ်ခါတစ်ရံ မှောက်အိပ်ရင်လည်း မျက်အိတ်ဖောင်းတတ်ပါသေးတယ်။ ရေများများသောက်ခြင်းဟာ အဆိပ်အတောက် တွေကိုကင်းစင်စေပြိး မျက်ဝန်းကိုလည်း ကျန်းမာရေးကောင်းစေနိုင်ပါတယ်။ ပြီးတော့ ကဖင်းဓာတ်ကိုလျော့ ချပေးပါ။ ကဖင်းဓာတ်များများစားခြင်းကို ရှောင်ပါ။ အငံလျော့စားပေးပါနော်။ ဆိုဒီယမ်ဟာ ခန္ဓာကိုယ်ရဲ့ ရေအပိုစုဆောင်းမှုကို ဖြစ်စေတဲ့အတွက် စားကိုတတ်နိုင်သမျှလျော့စားရင် မျက်အိတ်ဖြစ်နိုင်ခြေကို လျော့ ချပေးပါတယ်။

သခွားသီးကိုပါးပါးလှီးပြီး မျက်လုံးတစ်ဖက်စီမှာ ကပ်ထားပေးရင်လည်း မျက်အိတ်ဖောင်းခြင်းကို လျော့ကျ စေပါတယ်။နံနက်ခင်းမှာ မျက်ဝန်းလိမ်းတဲ့ခရမ်ကို ရေခဲသတ္တာထဲမှာသိမ်းထားပြိး သုံးနိုင်ပါတယ်။ ပြီးတော့ ညအိပ်တဲ့အခါ ခေါင်းအုံးကိုနည်းနည်းမြှင့်တာနဲ့ အိပ်ပေးရင် မျက်ဝန်းအတွက်အထောက်ကူဖြစ်စေပါတယ်။ ပြီးတော့ ရေခဲသတ္တာမှာသိမ်းထားတဲ့ စတီးဇွန်းနှစ်ချောင်းကို မျက်ဝန်းနှစ်ဖက်ပေါ်ကပ်ပေးရင်လည်း မျက်အိတ်ဖောင်းခြင်းကို သက်သာစေပါတယ်။အားလုံးကျန်းမာကြပါစေ။

Source: မြဝတီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။