ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိပိုင်ဆိုင်ထားတဲ့ ဂေးအလှမယ်တစ်ဦးဖြစ်တဲ့ မျိုးကိုကိုစန်းရဲ့ Valentine လက်ဆောင်လေးကိုတော့ ပရိသတ်တွေ နှစ်ကြိုက် သဘောကျနေကြပါတယ်..။

Valentine Day မတိုင်ခင် ဖေဖော်ဝါရီ(၁၃)ရက်နေ့ ညပိုင်းလောက်ကတည်းက ခြေထောက်မသန်တဲ့ ဦးလေးကြီးတစ်ယောက်ကို Valentine လက်ဆောင်အဖြစ် ပိုက်ဆံ(၅၀၀၀)၊ ချောကလက်နဲ့ နှင်းဆီပန်းလေးကို လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်..။

သူမရဲ့ လက်ဆောင်လေးကြောင့် ခြေထောက်မသန်တဲ့ ဦးလေးကြီး အံ့အားသင့် ပျော်ရွှင်သွားတဲ့အကြောင်းလေးကို မျိုးကိုကိုစန်းက သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှကနေ ပရိသတ်တွေကို ပြန်လည်မျှဝေထားပါသေးတယ်..။

“ဒါ ကိုယ့်ရဲ့ Valentine Gift ရသွားတဲ့သူပေါ့

ခြေထောက်မသန်တဲ့ လူကြီး ချောကလက်တွေ ငေးကြည့်နေတာပိုက်ဆံ ၅၀၀၀ရယ် ချောကလက်ရယ် နှင်းဆီပန်းလေးရယ် သူ့လည်း အပေးခံသင့်တာပေါ့နော် တော်တော်ပျော်သွားရှာတယ်..” ရေးသားမျှဝေထားတာ ဖြစ်ပါတယ်..။

သူမရဲ့ အဲ့ဒီပို့စ်ရဲ့ အောက်မှာလည်း သူမရဲ့ လုပ်ဆောင်မှုလေးတွေကို ပရိသတ်တွေက သဘောကျနှစ်သက်ပြီး ချီးကျူးစကားတွေ ဆိုထားသလို ဝေဖန်ထားတဲ့ သူတွေလည်းရှိနေတာ တွေ့ရပါတယ်။

အဲ့ဒါနဲ့ ပတ်သက်ပြီးတော့လည်း မျိုးကိုကိုစန်းက “ဒီတိုင်းလှူလို့ ရတာပဲ ဓာတ်ပုံဘာလို့ ရိုက်လဲဆိုတော့ ကိုယ်လှူတဲ့ အလှူကို မှတ်တမ်းတင်တာပါ..

Facebook ပေါ်ဘာလို့ တင်လဲဆိုတော့ ကိုယ့်အလှူကို မုဒိတာ ပွားစေချင်လို့ပါ နောက်ပြီး ဒီလိုလူမျိုးတွေလည်း ချစ်သူများနေ့နဲ့ ထိုက်တန်တယ်ဆိုတာ သိစေချင်လို့ပါ..

သူတို့ရဲ့ စိတ်နေရာကနေ ဝင်စဉ်းစားပေးပြီး လက်ဆောင်ပေးလိုက်တာအပြင် မပိုပါဘူး ဘာပဲပြောပြော ကိုယ်တင်တော့ ကိုယ်မေ့လျော့နေတဲ့ ပတ်ဝန်းကျင်က အမေ့ခံလူတန်းစားတစ်ချို့ ရှိကြောင်း ခဏတော့ တွေးမိသွားကြတယ်မလား ဒီလောက်ပါပဲ..

တစ်ချို့လူတွေ စိတ်ထဲ ထင်သလို အကောင်းမြင်ခံချင်စိတ်ကလေးလဲ နည်းနည်းတော့ ပါတာပေါ့ လူပဲ ကိုယ့်ကို အကောင်းမြင်တာ လူတိုင်းလိုချင်ကြတာကြည့်ပဲဟာ..” ဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ်..။

ချစ်စရာကောင်းတဲ့ သူမရဲ့ စိတ်ထားလေးနဲ့ အပြုအမူလေးကြောင့်လည်း ပရိသတ်တွေကတော့ အမြဲ အချစ်ပိုနေရဆဲပါပဲနော် ပရိသတ်ကြီးရေ..

Source - မျိုးကိုကိုစန်း fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။