နာမည်ကျော်အဆိုတော်တစ်ဦးဖြစ်တဲ့ မိစန္ဒီတစ်ယောက် ဆွီဒင်နိုင်ငံက နှင်းတောထဲမှာ အပျော်ကြီးပျော်နေပါတယ်။ ချစ်စရာကောင်းတဲ့ အဆိုတော်မလေးကို အားပေးသူပရိတ် သတ်တွေကလည်း အများအပြားပါပဲ။ သီချင်းခွေတွေလည်းထွက်ရှိထားပြီး အောင်မြင်မှု တွေအများအပြား ရရှိခဲ့ပါတယ်။ လက်ရှိနောက်ဆုံး Single Album အဖြစ်နဲ့ " ဦးနှောက်မဲ့ ငတုံး " ဆိုတဲ့ သီချင်းလေးကို ပြီးခဲ့တဲ့လ ၁၃ ရက်နေ့က ထွက်ရှိခဲ့တာဖြစ်ပြီး ပရိတ်သတ် တွေကလည်း အားပေးကြမ်းခဲ့ကြပါတယ်။

အသံချိုချိုလေးတွေနဲ့အမြဲတမ်းဖမ်းစားခဲ့တဲ့အဆိုတော်မလေးက ဒီနေ့မှာလည်းအပြုံးချိုချိုလေး တွေနဲ့ ထပ်မံ့ဖမ်းစားလိုက်ပြန်ပါပြီ။ ပျော်ရွှင်စရာကောင်းတဲ့ ချစ်သူများနေ့လေးမှာ ချစ်စ ရာကောင်းတဲ့ ပုံရိပ်လေးတွေနဲ့ ပရိတ်သတ်တွေကို Valentine Day အတွက် ဆုတောင်းပေး လိုက်ပြန်ပါတယ်။ မျက်နှာမှာဘာမှမခြယ်သထားသည့်တိုင် သူမက နဂိုရိုးရှင်းတဲ့ပုံစံလေး အတိုင်းကိုပဲ ချစ်စရာကောင်းလွန်းသူလေးဖြစ်လို့နေပါတယ်။

သူမရဲ့ Facebook မှာ " Stockholm လမ်းမထက်က ရေခဲရိုက်အပြုံးများ.. By the way, Happy Valentines' Dayပါနော်.. ပရိတ်သတ်ကြီး... ချစ်သူရှိတဲ့သူရော.. မရှိတဲ့သူတွေရော.. အားလုံး ပျော်ရွှင်ကြည်နူးနိုင်ကြပါစေ.. " ဆိုပြီး ဆုတောင်းစာလေးရေးပေးထားတာဖြစ်ပါ တယ်။ ချစ်စရာကောင်းတဲ့ အဆိုတော်မလေးမိစန္ဒီရဲ့ ဆွီဒင်နိုင်ငံက နှင်းတောထဲမှာ အပျော် ကြီးပျော်နေတဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo - Mi Sandi's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။