KKTT လို့ ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ အကယ်ဒမီသရုပ်ဆောင်မင်းသား ထွန်းထွန်းကတော့ သရုပ်ဆောင်ရော ဂီတဘက်မှာပါ ထူးချွန်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

ထွန်းထွန်းဟာ အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေရရှိထားသူထဲက တစ်ယောက်ဆိုလည်း မမှားပါဘူး။

ထွန်းထွန်းဟာ သူ့ရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး သိုသိုသိပ်သိပ်နေလေ့ရှိတာမို့ ချစ်သူကောင်မလေးနဲ့ ပုံလေးတွေကို အင်စတာဂရမ်မှာသာ မျှဝေလေ့ရှိပါတယ်။

အချစ်ရေးကို တရားဝင်ချပြထားခြင်းမရှိသေးတဲ့ ထွန်းထွန်းကတော့ ဒီနေ့ဖေဖော်ဝါရီလ(၁၄)ရက်မှာ သူ့ချစ်သူကောင်မလေးနဲ့အတူ ကြောင်လေးချီထားတဲ့ ဆက်ဖီပုံလေးကိုတင်ထားပါတယ်။ ချစ်သူသက်တမ်းရက်ပေါင်း (၂၀၀)ကျော်ပြီဖြစ်တဲ့ သူတို့စုံတွဲဟာ ပါတီပွဲတစ်ခုကို အတူတူသွားရောက်ခဲ့တဲ့ နောက်ကြောပုံလေးတစ်ပုံကိုလည်းပြီးခဲတဲ့ရက်ပိုင်းက မျှဝေထားပါသေးတယ်။ 

သူ့ကိုချစ်ခင်အားပေးတဲ့ မိန်းကလေးပရိသတ်တွေကတော့ စုံတွဲပုံလေးတွေမြင်ပြီးနောက်မှာ အသဲကွဲကုန်ကြပေမယ့် ထွန်းထွန်းတို့စုံတွဲလေးကို သဘောကျနေသူတွေလည်း ရှိကြပါတယ်။

ချစ်သူကောင်မလေးပုံကို ထင်ထင်ရှားရှားထုတ်ပြထားခြင်းမရှိသေးတာမို့ ထွန်းထွန်းကိုတော့ ပရိသတ်တွေက လက်ရှိအချိန်မှာ စိတ်ဝင်တစားစောင့်ကြည့်နေရတာဖြစ်ပါတယ်။ ပရိသတ်ကြီးရော ထွန်းထွန်း ကို ချစ်သူရနေရင် ချစ်ဦးမှာလား။  

Source : TunTun Instagram 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။