Original Gangster 2 ဆိုတဲ့ ဇာတ်ကားလေးကတော့ ပရိတ်သတ်တွေကြားထဲမှာ အောင်မြင်မှုတွေများစွာရရှိခဲ့တဲ့ ရုပ်ရှင်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ထိုကားလေးထဲမှာတော့ မြင့်မြတ်နဲ့ ခင်လှိုင်တို့ရဲ့ ပီပြင်လှတဲ့သရုပ်ဆောင်မှုတွေက ပရိတ်သတ်တွေကို တကယ်ဖမ်းစားခဲ့နိုင်ခဲ့တာပဲဖြစ်ပါတယ်။ တကယ်မိုက်တဲ့ရုပ်ရှင်ကားလေးတစ်ကားဖြစ်တဲ့အတွက် ပရိတ်သတ်တွေလဲ ကြည့်ပြီးကြပြီလို့ထင်ပါတယ်။

အနုပညာရှင်ယုန်လေးကတော့ ထိုရုပ်ရှင်ကားလေးနဲ့ပတ်သတ်ပြီးတော့ မြင့်မြတ်နဲ့ခင်လှိုင်ကို အကယ်ဒမီဆုလေးရရှိနိုင်စေဖို့စိတ်ကူးယဉ်မှုလေးတော့ရှိတယ်လို့သိရပါတယ်။အရင်ကရိုက်ခဲ့တဲ့ အက်ရှင်လူမိုက်ကားတွေတုန်းကတော့ အကယ်ဒမီတစ်ဆုမှမပေးခဲ့ပါဘူး အကယ်၍ဒီကားလေးဟာလည်း အက်ရှင်လူမိုက်ကားမို့လို့ အကယ်ဒမီဆုလေးတစ်ဆုတောင်မဝင်ခဲ့ဘူးဆိုရင်တော့ “ ဝမ်းနည်းစိတ်ပျက်ဖို့ကောင်းမင်းအစားငါရှက်ရွံ့မိ“ ဆိုတာတွေဖြစ်တော့မယ်ဆိုပြီး ဝေဖန်နေတဲ့ သတင်းလေးတွေကလည်း လူမှုကွန်ယက်မှာပြန့်နှံ့နေတာပဲဖြစ်ပါတယ်။အရင်က ဟာသကားတွေကို အကယ်ဒမီမပေးခဲ့သလို အက်ရှင်လူမိုက်ကားတွေဆိုရင်ရော လူရာမဝင်ဘဲ အကယ်ဒမီမပေးတော့ဘူးလားဆိုတဲ့ ဝေဖန်မှုလေးတွေကိုလဲတွေ့မြင့်နေရတာပဲဖြစ်ပါတယ်။

ထိုရုပ်ရှင်ကားလေးကတော့ လိုအပ်ချက်လေးတွေအနည်းငယ်ရှိပေမယ့် အားလုံးဝိုင်းဝန်းပြီး ကြိုးစားမှုတွေများစွာနဲ့ ရိုက်ကူးပုံဖော်ခဲ့ရတာဖြစ်ပါတယ်။ ပရိတ်သတ်တွေရဲ့ လက်ခုပ်သံလေးတွေ မြိုင်ဆိုင်ပြီး အားပေးမှုတွေများစွာရရှိခဲ့ပေမယ့် အကယ်ဒမီဆုအတွက် ထည့်မစဉ်းစားဘူးဆိုရင်တော့ ဝမ်းနည်းယုံကလွဲပြီး ဘာမှမတတ်နိုင်ပါဘူးဆိုတဲ့ စကားသံလေးတွေက လဲ လူမှုကွန်ယက်မှာပြန့်လွင့်နေတာပဲဖြစ်ပါတယ်။ ထိုကားလေးထဲမှာ အင်မတန်ကြိုစားအားထုတ်ရိုက်ကူးခဲ့တဲ့ မြင့်မြတ်နဲ့ ခင်လှိုင်အတွက်လည်း အကယ်ဒမီဆုလေးပိုင်ဆိုင်စေချင်ပေမယ့် ကြိုးစားထားသမျှ အရာမထင်ဘဲ ပယ်ချခံရမှာကို စိုးရိမ်နေတဲ့ ပရိတ်သတ်တွေရှိတယ်လို့လဲသိရပါတယ်။

Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။