လတ်တလောမှာတော့ အနုပညာရှင်တွေရဲ့ အချစ်ရေးတွေဟာ ပရိသတ်နှုတ်ဖျားမှာရေ ပန်းစားနေဆဲပါ။ မကြာခင်မှာအိမ်ထောင်ရှင်တွေဖြစ်တော့မယ့် အနုပညာရှင်တွေလဲ ရှိသလို အသစ်စက်စက်သတို့သမီးလောင်းလေးတွေလဲရှိတာမို့ အချစ်ရေးတွေက စိတ်ဝင်စားစရာတစ်ခုဖြစ်နေခဲ့တာပါ။ဒီနေ့ကလဲ ပရိသတ်အားလုံးသိထားတဲ့အတိုင်း V Day ဆိုတော့ ချစ်သူခင်သူတွေဆီက အမှတ်တရလက်ဆောင်ေ်လးတွေရရှိတဲ့နေ့ပါ။

ဒီလိုလက်ဆောင်တွေရရှိတဲ့သူတွေထဲမှာ အချစ်တော်နန်းခင်လေးတစ်ယောက်လည်း ပါဝင်ပါတယ်။ သူမကတော့ ဒီနေ့မှာ လက်ဆောင်တွေနဲ့အတူ နှင်းဆီပန်းပွင့်ပေါင်း များစွာ ပါဝင်တဲ့ ပန်းစည်းတွေကိုလည်း လက်ခံရရှိခဲ့ပါတယ်။

အချစ်ရေးအတွက် ကံမကောင်းသူပါ။ တစ်ယောက်တည်းဖြစ်နေဆဲပါပဲလို့ ဖြေကြားဖူးတဲ့ သူမက လက်ဆောင်ပေးတဲ့သူကိုတော့ မပြောပြထားပါဘူး ။ဘယ်သူများဖြစ်မလဲဆိုတာတော့ စိတ်ဝင်စားစရာပါပဲနော် ပရိသတ်ကြီး ။

နန်းခင်ဇေယျာဆိုတဲ့ သူမက လတ်တလောမှာ ရုပ်ရှင်ဇာတ်ကားများစွာကိုလည်း ရိုက်ကူးနေရသလို အခမ်းအနားပွဲတွေတော်တော်များများမှာလည်း ဆက်တိုက်ဆိုသလို မြင်တွေ့နေရပါတယ်။ Sexy တွေအသားပေးတဲ့ခေတ်မှာ သူမတစ်ယောက်ကတော့ Sexy ကိုထားခဲ့ကာ Smart ဆိုတဲ့ဒီဇိုင်းတွေသာ ဝတ်ဆင်လေ့ရှိသူမို့ ပရိသတ်တွေကြားမှာ ကောင်းသတင်းတွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်။ ဒီနေ့တော့ V Day မှာပျော်နေတဲ့ အားကျစရာကောင်းတဲ့ နန်းခင်ရဲ့ပုံကလေးတွေကို ဒီလိုပဲ မျှဝေလိုက်ရပါတယ်။

Source – Nann Khin Zay Yar FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။