ဒီနေ့ခေတ် မှာတော့ နှုတ်ခမ်းနီမလေးတွေအသဲစွဲ ကိုရီးယားမင်းသားငယ်ငယ်ချောချောလေးတွေရှိသလို တစ်ချိန်က (၁၉၉၀)၀န်းကျင်နောက်ပိုင်း မွေးဖွားတဲ့ ပရိသတ်တွေ ကြားမှာ သဲသဲလှုပ်အားပေးခံရတဲ့ မင်းသားတွေလည်း ရှိခဲ့ပါတယ်။

ပရိသတ်ကြီးရေ ဒီနေ့မှာတော့ ကွီးတွေမွီးတွေအကြိုက် အသက်(၄၀)ကျော်ပေမယ့် ဆွဲဆောင်မှုရှိနေသေးတဲ့ ကိုရီးယားရဲ့ထိပ်တန်းမင်းသား(၅)ဦးကို ဖော်ပြပေးမှာဖြစ်ပါတယ်။

သူတို့ဇာတ်ကားတွေကိုကြည့်ဖူးသူတိုင်းကတော့ တစ်ယောက်ချင်းစီရဲ့ ပုံလေးတွေကို မြင်လိုက်တာနဲ့ ချက်ချင်းကို မျက်မှန်းတန်းမိမှာသေချာပါတယ်နော်။

1. ပထမဆုံးပုံထဲက ဦးဦးကတော့ အသက်(၄၃)နှစ်ရှိပြီဖြစ်တဲ့ နာမည်ကြီးမင်းသား Ji Jin Hee ဖြစ်ပါတယ်။သူကတော့ တစ်ခေတ်တစ်ခါက မိန်းကလေးပရိသတ်တွေကြားမှာ အတော်လေးရေပန်းစားခဲ့သလို သူ့ဇာတ်ကားတွေက အာရှအထိ ထိုးဖောက်အောင်မြင်ခဲ့သူဖြစ်ပါတယ်။ လက်ရှိမှာတော့ ပထမအိမ်ထောင်ပြိုကွဲထားတဲ့ဂျင်ဟီးဟာ သူ့ရဲ့ နောက်အိမ်ထောင်နဲ့ သားတစ်ယောက် သမီးတစ်ယောက် ထွန်းကားထားပါတယ်။  

2. Cha Seung Won

. ဒုတိယမြောက် မင်းသားကတော့ အသက်(၄၄)နှစ်အရွယ် Cha Seung Won ဖြစ်ပြီး သူပါ၀င်ရိုက်ကူးခဲ့တဲ့ဇာတ်လမ်းတွဲတွေဟာ ကိုရီးယားမှာသာမက အာရှမှာပါ လူကြိုက်များခဲ့တာပါ။ အသက်(၂၂)နှစ်အရွယ်ထဲက အိမ်ထောင်ကျခဲ့တဲ့ သူဟာ လက်ရှိမှာ သားတစ်ယောက် သမီးတစ်ယောက်ရှိနေပါတယ်။ သူ့ရဲ့ အပိုင်နိုင်ဆုံးနဲ့အလိုက်ဖက်ဆုံးဇာတ်ရုပ်ကတော့ စုံထောက်ဇာတ်ရုပ်နဲ့ ဂျစ်ကန်ကန်ပုံစံ သူလျိုတစ်ယောက်လိုဇာတ်ရုပ်မျိုးဖြစ်ပါတယ်။v 

3. Lee Bum Soo

သူကတော့ မြန်မာပရိသတ်တွေနဲ့မစိမ်းတဲ့ အသက်(၄၅)နှစ်အရွယ် မင်းသား လီဘုန်ဆိုး ဖြစ်ပါတယ်။ သူဟာ ဇာတ်ဆောင်မင်းသားဆုရရှိထားတဲ့အပြင် သူပါ၀င်တဲ့ဇာတ်ရုပ်မှန်သမျှဟာ ပရိသတ်တွေရဲ့ အားပေးမှုတွေရရှိခဲ့တာပါ။ 

4. Lee Sun Gyun

နောက်ထပ် ကိုယ်လူချောဦးဦးကတော့ အသက်(၄၀)ရှိပြီဖြစ်တဲ့ မင်းသား Lee Sun Gyun ကိုတော့ ကော်ဖီချစ်သူဇာတ်ကားနဲ့ ပရိသတ်အားပေးမှုရရှိခဲ့သူဖြစ်ပါတယ်။ သူကလည်း အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့ ကိုယ်လူချောပါပဲ။

5. Jang Dong Gun

နောက်ထပ်တစ်ဦးကတော့ ဒါရိုက်တာရင်လို့ သိကြတဲ့ မင်းသားချော Jang Dong Gun ဖြစ်ပါတယ်။အသက်(၄၃)နှစ်ဆိုပေမယ့်လည်း အရွယ်တင်ပြီး ယောကျာ်းပီသခန့်ညားတဲ့ ရုပ်ရည်အရပ်အမောင်းတွေကြောင့် တစ်ခေတ်တစ်ခါက မမတွေအသဲစွဲဖြစ်ရုံသာမက လူငယ်ပရိသတ်တွေပါ သဲသဲလှုပ်ဖြစ်ရတဲ့မင်းသားတစ်လက်ပါပဲ။ ဟောလိ၀ုဒ်နဲ့ တရုတ်နိုင်ငံ ရဲ့ ရုပ်ရှင်လောကကိုပါ ထိုးဖောက်နိုင်တဲ့မင်းသားတစ်လက်မို့ သူ့ဇာတ်ကားတွေက ကမ္ဘာကျော်ခဲ့တာဖြစ်ပါတယ်။ သူကလည်း ကလေးနှစ်ယောက်ဖခင်ဖြစ်ပေမယ့် နုပျိုနေတုန်းပါပဲ။

ကဲ မမတွေအကြိုက်က ဘယ်သူဖြစ်မလဲ ။  

source : drama fever

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။