တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး Kpop အဆိုတော်အဖွဲ့ဖြစ်တဲ့ BIGBANG အဖွဲ့ခေါင်းဆောင် G-Dragon ကတော့ ယခု ဖေဖော်ဝါရီလအတွင်း စစ်မှုထမ်းတာဝန်ကို ထမ်းဆောင်ရတော့မှာ ဖြစ်တယ်လို့ သိရပါတယ်..။

လာမယ့်ဖေဖော်ဝါရီ(၂၇)ရက်နေ့မှာ စတင်ပြီး စစ်မှုထမ်းတာဝန်ကို ထမ်းဆောင်ရတော့မှာ ဖြစ်ပြီး စစ်မှုထမ်းရမယ့် နေ့ကို ရက်ပိုင်းအလိုမှသာ သိရပေမယ့်လည်း G-Dragon က အချိန်မဆိုင်းတော့ဘဲ ချက်ချင်းလက်ခံခဲ့ပါတယ်..။

G-Dragon စစ်မှုထမ်းရတော့အကြောင်းကိုတော့ သူ့ရဲ့ အေဂျင်စီက ယနေ့ဖေဖော်ဝါ(၁၄)ရက်နေ့မှာပဲ ပရိသတ်တွေကို သတင်းထုတ်ပြန် ပြောကြားခဲ့တာ ဖြစ်ပါတယ်..။

“G-Dragon ဟာ လာမယ့် ဖေဖော်ဝါရီ(၂၇) ရက်မှာ စစ်သားတစ်ဦးအနေနဲ့ စစ်မှုထမ်းတာဝန်ကို စတင်ထမ်းဆောင်တော့မှာပါ.. လူအများ စုရုံးနေတာမျိုးမဖြစ်စေဖို့ ပရိသတ်တွေနဲ့ တွေ့ဆုံပွဲ မပြုလုပ်တော့ပဲ စစ်မှုထမ်းဆောင်သွားမှာ ဖြစ်ပါတယ်..” ဆိုပြီး ပြောကြားခဲ့ပါတယ်..။

G-Dragon ရဲ့ နောက်ဆုံး ဖျော်ဖြေမှုကတော့ ပြီးခဲ့နှစ်ကုန်ပိုင်းက ပြုလုပ်ခဲ့တဲ့ နယ်လှည့်ဖျော်ဖြေပွဲကတော့ သူ့ရဲ့ စစ်မှုထမ်း မသွားချင် နောက်ဆုံး ဖျော်ဖြေမှုလည်း ဖြစ်ပါတယ်..။

G-Dragon ဟာ Gangwon Province မှာရှိတဲ့ တပ်သားသစ်လေ့ကျင့်ရေး စင်တာမှာ (၅) ပတ်ကြာ စစ်သင်တန်းတက်ပြီးမှ စတင်စစ်မှုထမ်းရမှာလည်း ဖြစ်တယ်လို့ သိရပါတယ်..။

Source – KBS World

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။