တောင်ကိုရီးယားသမ္မတဟောင်း ပတ်ဂွန်ဟေးရဲ့ သူငယ်ချင်းဖြစ်သူ ချွဲဆွမ်ဆေးကို ထောင်ဒဏ်နှစ်(၂၀) နဲ့ ဒဏ်ငွေ အမေရိကန်ဒေါ်လာ (၁၆)သန်းကျော် ပြစ်ဒဏ် ချမှတ်လိုက်တယ်လို့ CNA သတင်းမှာ ဖော်ပြထားပါတယ်။ သမ္မတဟောင်း ပတ်ရဲ့ မိတ်ဆွေလည်း ဖြစ်ပြီး အကြံပေးလည်း ဖြစ်တဲ့ ချွဲဆွမ်ဆေးကို အကျင့်ပျက်ခြစားမှု၊ နိုင်ငံတော်အာဏာကို အလွဲသုံးစားလုပ်မှုတွေ အပါအဝင် အခြား စွဲချက်တွေနဲ့ အခုလို ထောင်ဒဏ်ချမှတ်လိုက်တာပါ။

ချွဲဆွမ်ဆေးရဲ့ ရှေ့နေကတော့ တရားရုံးက ချမှတ်တဲ့ အမိန့်ဟာ ကြီးမားလွန်းတာကြောင့် အယူခံဝင်သွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ချွဲဟာ သမ္မတရဲ့ မိတ်ဆွေဖြစ်တယ်ဆိုတဲ့ အခွင့်အရေးကို အသုံးချပြီး ဆမ်ဆောင်းကုမ္ပဏီနဲ့ လော့တီစီးပွားရေးလုပ်ငန်းစုကို သူ့ရဲ့ဖောင်ဒေးရှင်း(၂)ခုမှာ ဒေါ်လာသန်းနဲ့ချီလှူဒါန်းစေခဲ့ တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။

ချွဲရဲ့နောက်လိုက်လို့ စွပ်စွဲခံထားရတဲ့ လော့တီအဖွဲ့အစည်းရဲ့ ဥက္ကဌ ရှင်ဒုံဘင်က ထောင်ဒဏ်(၂)နှစ်ခွဲ ချမှတ်ခံခဲ့ရပြီး သမ္မတဟောင်းပတ်ဂွန်ဟေးရဲ့ အတွင်းရေးမှူးဟောင်း အန် ဂျွန် ဗြောင်က ထောင်ဒဏ် (၆)နှစ် ချမှတ်ခံခဲ့ရပါတယ်။

source - 5 plus

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။