တစ်ချိန်က အင်္ဂလန်ဘောလုံးအသင်းရဲ့ နာမည်ကြီး ကပ်ပတိန်ဟောင်း ဒေးဗစ်ဘက်ခမ်းဟာ ဘောလုံးသမားဖြစ်ခဲ့ပေမယ့်လည်း အချစ်ရေးဘက်မှာတော့ မလစ်ဟင်းရအောင် အရမ်းကြင်နာတတ်တဲ့ ပုရိသတစ်ဦးဆိုတာ သိသာလွန်းပါတယ်။

သူဟာ အနုပညာရှင်တစ်ဦးမဟုတ်ပေမယ့်လည်း သူ့ရဲ့ ချစ်ဇနီး ဗစ်တိုးရီးယားဘက်ခမ်းကတော့ နာမည်ကြီးဒီဇိုင်နာ ၊ Spice Girl မိန်းကလေးဂီတအဖွဲ့ဝင်ဟောင်း အဆိုတော်တစ်ဦးဖြစ်ပါတယ်။

ဒီနေ့ကျရောက်တဲ့ နိုင်ငံတကာ ချစ်သူများနေ့မှာ သားသမီး(၄)ဦးရဲ့ ဖခင် ဘက်ခမ်းတစ်ယောက် သူများတွေနည်းတူ သူ့ရဲ့ ဇနီးအပေါ် ဘယ်လိုတွေ အလိုက်သိပြီး ရိုမက်တစ်ဆန်ခဲ့လဲဆိုတာ ပရိသတ်တွေသိချင်နေလောက်မှာပါ။

အင်စတာဂရမ်အကောင့်မှာ ဇနီးဖြစ်သူဗစ်တိုးရီးယား ထံ အချစ်စာလွှာပါးပြီး တော်ကီလန်းလန်းတွေနဲ့ ချုပ်လိုက်ပုံကတော့ ပရိသတ်တွေကို အားကျမှင်သက်မိစေခဲ့ပါတယ်။

“ပျော်ရွှင်ဖွယ်ဗယ်လက်တိုင်း ဖြစ်ပါစေ ။ ဒီနေ့ဟာ ကမ္ဘာတစ်ဝှမ်းမှာ အချစ်တွေနဲ့ ပျော်ရွှင်ကြည်နူးမှုတွေ လွှမ်းခြုံထားတဲ့ နေ့လေးတစ်နေ့ပါပဲ” ဆိုပြီးရေးသားကာ ဇနီးနဲ့ သားရဲ့ အကောင့်နာမည်ကို Tag တွဲပြီးရေးသားလိုက်တာပါ။ ချစ်ဇနီးကတော့ ဘယ်လောက်တောင် ပိုချစ်လိုက်မလဲဆိုတာ မြင်တာနဲ့သိပါတယ်။

အသက်(၄၀)ကျော်ပြီဖြစ်တဲ့ ဘက်ခမ်းဟာ ဇနီးဖြစ်သူအပေါ် ချစ်သက်တမ်းတစ်လျှောက် သစ္စာရှိရှိချစ်ခဲ့ပြီး သားသမီးတွေအပေါ်မှာလည်း ဖခင်ကောင်းပီသသူတစ်ဦးအဖြစ် ဂုဏ်သတင်းထွက်တဲ့ ဆယ်လီတစ်ဦးဖြစ်ပါတယ်။

သူတို့ရဲ့ နှစ်ပတ်လည်ကိုလည်း မမေ့မလျော့နဲ့ အပြန်အလှန် တော်ကီလေးတွေချုပ်တာမို့ တကယ့်ကို ဟောလိ၀ုဒ်ရဲ့ လိုက်ဖက်အညီဆုံး စုံတွဲတစ်တွဲပါပဲ။

လက်တလောမှာတော့ ဘက်ခမ်းဟာ မိုင်ယာမီမြို့မှာ သူကိုယ်ပိုင် ဘောလုံးအသင်းတစ်သင်း တည်ထောင်ပြီး ဦးစီးလုပ်ကိုင်နေတာပါ။

ပရိသတ်ကြီးလည်း ဘက်ခမ်းတို့ဇနီးမောင်နှံကို အားကျမိတယ်ဟုတ်။

Instagram

Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။