ရိုးရိုးရှင်းရှင်းရှင်းလေးနဲ့ အေးချမ်းတည်ငြိမ်တဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး ပိုးကြာဖြူခင်ကတော့ ချစ်စရာကောင်းတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေကို ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်..။

ယနေ့ ဖေဖော်ဝါရီ(၁၄)ရက်နေ့ ချစ်သူများနေ့လေးမှာ ဗိုလ်တစ်ထောင်ကမ်းနားမှာ ကျင်းပပြုလုပ်ခဲ့တဲ့ မင်္ဂလာပွဲလေးတစ်ခုကို တတ်ရောက်ဖြစ်ခဲ့တဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်..။

“Valentine’s Day သူများအတွဲ မင်္ဂလာဆောင် ကို သွားပြီး အားကျနေတာ..” ဆိုပြီး သူမရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်..။

ပန်းနုရောင်ဂါဝန်ဝတ်စုံလေးကို ဝတ်ဆင်ထားတဲ့ သူမရဲ့ ပုံရိပ်လေးတွေကတော့ ဝတ်စုံလေးနဲ့လည်း လိုက်ဖက်ညီလွန်းပြီး ချစ်စရာကောင်းနေတာလည်း တွေ့ရပါတယ်..။

မင်းသမီးချောလေး ပိုးကြာဖြူခင်ကတော့ သူမရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို ပရိသတ်တွေကို အမြဲမျှဝေလေ့ရှိပြီး အနက်ရောင် ဆံနွယ်ရှည်လေးတွေနဲ့ ရင်ကိုအေးမြစေတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတာမို့ ပရိသတ်တွေကတော့ အမြဲ အချစ်ပိုနေရဆဲပါပဲ..။

တည်ငြိမ်အေးချမ်းပြီး မြန်မာမလေးတစ်ယောက်ရဲ့အလှနဲ့ပြည့်စုံသူ တစ်ယောက်ဖြစ်တဲ့အပြင် သူမရဲ့ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေ အခိုင်အမာရရှိထားတဲ့ မင်းသမီးချောလေး တစ်လက်လည်း ဖြစ်ပါတယ်..။

Source - ပိုးကြာဖြူခင် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။