မကြာသေးခင်ကမှ ချစ်သူနဲ့ လက်ထပ်သွားပြီဖြစ်တဲ့ မင်းသမီးလေး နန်းမြတ်ဖြိုးသင်းရဲ့ ကြင်စ ဗယ်လင်တိုင်းဒေးလေးကတော့ တကယ်ကို မှတ်မှတ်ရရ ပျော်စရာလေးပါပဲပရိသတ်ကြီးရေ။ တရက်ထဲမှာ ခင်ပွန်းသည်ဆီက နှစ်ခါ surprise အလုပ်ခံလိုက်ရလို့ နန်းမြတ်တစ်ယောက်တော့ ပျော်ရွှင်နေပြီး ချစ်စရာဓာတ်ပုံလေးတွေကို သူမရဲ့ လူမှုစာမျက်နှာကတဆင့် ပရိသတ်တွေဆီက ဝေမျှလို့ထားပါတယ်။

ပထမ စပရိုက်ကိုတော့ မနက်စောစောစီးစီး မျက်နှာတောင် မသစ်ရသေးဘဲ အိမ်မှာပဲ ပန်းစည်းအကြီးကြီးကို ခင်ပွန်းသည်ဆီကနေ လက်ဆောင်ရလိုက်တာပဲဖြစ်ပါတယ်။ ညနေပိုင်းမှာလည်း ဇနီးသည်အတွက် ညနေစာစားရင်း romantic ဆန်တဲ့ အပြင်အဆင်လေးတွေနဲ့ surprise လုပ်ခဲ့ပါသေးတယ် ပရိသတ်ကြီးရေ။ ဒီအကြောင်းကိုတော့ နန်းမြတ်တစ်ယောက် သူမရဲ့ လူမှုစာမျက်နှာထက်မှာ ယခုလိုရေးသားပြီး ပြောဆိုထားတာတွေ့ရပါတယ်။ 

"မပီးသေးတဲ့သူ့ရဲ့စပရိုက်စ်ပေါ့

သူငယ်ချင်းတွေနဲ့ထမင်းသွားစားမယ်ဆိုလို့လှလှပြင်ပီးလိုက်လာတာ

ဒီရောက်တော့အဲ့နေရာလေးလှတယ်ပေါ့

ပီးမှကိုယ့်အတွက်ဆိုတော့အရမ်းပျော်ပီးရင်တွေတောင်ခုန်တယ်

တနေ့လုံးအံ့သြပျော်ရွှင်မှုတွေပေးတဲ့အတွက်ကျေးဇူးပါယောကျာင်္းရေ

ပျော်လွန်းလို့သွားတေတောင်အအေးပတ်ကုန်ပီ

လှလှလေးအလှလာဆင်ပေးတဲ့sisခင်ရတနာပြည့်(Save The Date Wedding and Event Planning)ကိုလဲကျေးဇူးပါနော်

#TARandNANN

(မျက်စိနောက်အောင်လုပ်မိနေရင်ဆောရီးပါနော် ပျော်လွန်းလို့ပါ)" ဆိုပြီး ရေးသားထားပါတယ်။ ကဲ ပရိသတ်ကြီးရေ နန်းမြတ်တို့ဇနီးမောင်နှံရဲ့ ပျော်စရာ ဓာတ်ပုံလေးတွေကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်နော်.....

Source: Nan Myat Phyoe Thin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။