ပရိသတ်ကြီးရေ မနေ့ကကျရောက်တဲ့ Valentine Day ဆိုတဲ့ချစ်သူများနေ့မှာ အနုပညာရှင်တွေတော်တော်များများ ကတော့ သူတို့ရဲ့သက်ဆိုင်သူတွေဆီက လက်ဆောင်ပစ္စည်းတွေအသီးသီးရခဲ့ကြပါတယ်။

မနေ့က ချစ်သူများနေ့မှာ လက်ဆောင်ရကြတဲ့ နိုင်ငံကျော်အနုပညာရှင်တွေထဲမှာတော့ ၀ါရင့်သရုပ်ဆောင် မင်းသမီးခင်ဇာခြည်ကျော်တစ်ယောက်လည်း ပါ၀င်ပါတယ်။

တစ်ချိန်ကရုပ်ရှင်ဇာတ်ကားတွေများစွာရိုက်ကူးခဲ့တဲ့ အကယ်ဒမီ မဇာလေးဟာ ပထမအိမ်ထောင်ရေးကံမကောင်းခဲ့ပေမယ့်လည်း ချစ်စရာကောင်းတဲ့ သားသမီးနှစ်ယောက်ရဲ့ Single Mother အဖြစ် ပျော်ရွှင်စွာဖြတ်သန်းနေတာဖြစ်ပါတယ်။

အရွယ်တင်နုပျိုလှပေနေဆဲဖြစ်တဲ့ မဇာလေးဟာ သူမရဲ့ သားသမီးတွေသဘောကျတဲ့ လက်တွဲဖော်မျိုးရရှိထားတဲ့အတွက် စိတ်ချမ်းသာစရာအချစ်ရေးကို ပိုင်ဆိုင်ထားပါတယ်။

ပြည်ပမှာလက်တလော နေထိုင်တဲ့ ချစ်သူဆီက ချစ်သူများနေ့ Surprise အဖြစ် မနေ့ညက နောက်ဆုံးပေါ် IPhone X ဖုန်းတစ်လုံးနဲ့အတူ နှင်းဆီပန်းတွေ လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။ လက်ဆောင်ပစ္စည်းလေးတွေရကြောင်းနဲ့ ချစ်သူကို ကျေးဇူးတင်ကြောင်းကို သူမရဲ့ ဖေ့ဘုတ်စ်အကောင့်မှာ မျှဝေထားတာဖြစ်ပါတယ်။

မနှစ်က ချစ်သူများနေ့မှာတော့ သက်ဆိုင်သူဆီက စိန်လက်စွပ်လေးတစ်ကွင်း လက်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

မင်းသမီးချော မဇာလေးက လက်တလောမှာ ဇာတ်ကားတွေဆက်တိုက်ရိုက်ကူးနေရပေမယ့် သူမကို ချစ်ခင်အားပေးတဲ့ ပရိသတ်တွေကတော့ ယနေ့ထိရှိနေဆဲပါပဲ။

သူမဟာ ငါသူတစ်ပါးယောကျာ်းမိန်းမဆိုတဲ့ ရုပ်ရှင်နဲ့ အကယ်ဒမီဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးခဲ့တာပါ။

ပရိသတ်ကြီးရေ မဇာလေးကတော့ အရမ်းပျော်နေမှာ ဖြစ်သလို ပရိသတ်တွေလည်း အပျော်တွေကူးစက်မယ်လို့ထင်ပါတယ်။

Source : Khinzarchi Kyaw fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။