မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပြိုင်ပွဲ ပထမအကျော့မှာ ရီးရဲလ်မက်ဒရစ်အသင်းဟာ PSG အသင်းကို ၃ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ဒုတိယအကျော့ကိုတော့ မတ်လ ၇ ရက်နေ့တွင် PSG အသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားသွားရမှာလည်းဖြစ်ပါတယ်။ဒုတိယအကျော့မှာ နှစ်သင်းလုံးအတွက် အခွင့်အရေး ဆတူရှိနေခဲ့တာကြောင့် ပွဲဟာ ထပ်မံ အကြိတ်အနှယ်ရှိလာ အမှန်ပါပဲ။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ အစ္စကို၊ စီရော်နယ်ဒို၊ ဘန်ဇီမာ၊ ကရူး၊ မိုဒရစ်၊ ကတ်စမဲရိုး တို့ကို ထည့်သွင်းကစားခဲ့တာလည်းဖြစ်ပါတယ်။PSG အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ နေမာ၊ အမ်ဘတ်ပီ၊ ကာဗာနီ၊ ဗာရက်တီ၊ ရာဘီယော့၊ ကယ်ဆို တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။နှစ်သင်းလုံးဟာ ခြေညီနေတာကြောင့် ပွဲဟာ အကြိတ်အနှယ်ရှိခဲ့တာလည်းဖြစ်ပါတယ်။PSG အသင်းဟာ မိနစ် ၈၀ နောက်ပိုင်း ရီးရဲလ်မက်ဒရစ်အသင်းရဲ့ သွင်းဂိုး ၂ ဂိုးကို ခွင့်ပြုခဲ့ရတာကြောင့် ဒုတိယအကျော့မှာ ရုန်းကန်သွားရဖို့ရှိနေတာလည်းဖြစ်ပါတယ်။

အဖွင့်ဂိုးကိုတော့ PSG အသင်းက စတင်ရရှိခဲ့တာဖြစ်ပြီး ဒီဂိုးကိုတော့ ၃၃ မိနစ်မှာ ရာဘီယော့ ကသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်အသင်းအတွက် ချေပဂိုးကိုတော့ ၄၅ မိနစ်မှာ စီရော်နယ်ဒို က ပယ်နယ်တီကနေတဆင့် ကန်သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၈၃ မိနစ်မှာ ရီးရဲလ်မက်ဒရစ်အသင်း ဦးဆောင်ဂိုးရရှိခဲ့ပြီး ဒီဂိုးကို စီရော်နယ်ဒိုကပဲ သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၈၆ မိနစ်မှာ တော့ မာဆယ်လို က ရီးရဲလ်မက်ဒရစ်အသင်းအတွက် အနိုင်သေချာစေမဲ့ ဂိုးကို ပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။